Preview

အိန္ဒိယနိုင်ငံ အာသံတွင် ရေကြီး၍ သေဆုံးသူ ၄၆ ဦးအထိရှိလာ၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတွင်မြေပြို၍ ၄ ဦးသေဆုံး

ဇွန် ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :3795
နိုင်ငံတကာ သတင်း
NarinjaraNews, June 18/2022

 

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး၍ သေဆုံးသူ ၄၆ ဦး အထိရှိလာပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ  စစ်တကောင်းတွင် မြေပြို၍ ယနေ့နံနက်က လူ ဦးသေဆုံးခဲ့သည်ဟု သတင်းရရှိသည်။


အာသံပြည်နယ် Dima Hasao နှင့်Udalguri ခရိုင်များတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူနှစ်ဦးရေနစ်သေဆုံးခဲ့ပြီးနောက် ကြာသပတေးနေ့တွင် အာသံရေကြီးမှုကြောင့် သေဆုံးသူ ၄၆ ဦးအထိမြင့်တက်လာခဲ့ကြောင်း PTI က  သတင်းဖော်ပြခဲ့သည်။

 

လွန်ခဲ့သည့် ကြာသပတေးနေ့တွင်၊ အသက် ၁၁ နှစ်နှင့် ၈ နှစ်ရှိ မွေးချင်း နှစ်ဦးသည် Goalpara မြို မြေပြိုမှုတွင်ရှင်လတ်လတ် မြေမြုပ်သွားခဲ့သည်ဟု ဆိုသည်။

 

အာသံပြည်နယ်သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၏ အစီရင်ခံစာအရ ခရိုင် ၂၅ ခုတွင်နေထိုင်သူ ၁.၁ သန်းကျော် ထိခိုက်ခဲ့ကြောင်း ANI က ဖော်ပြခဲ့သည်။

 

သောကြာနေ့တွင်Kamrup ခရိုင်၏Rangia မြို့နယ် ခွဲလက်အောက်ရှိကျေးရွာရ၇  ခုသည်  ရေလွှမ်းမိုးမှုတွင်နစ်မြုပ်ခဲ့ပြီး မိုးရွာသွန်းမှုကြောင့်၎င်းခရိုင်အတွင်း နေထိုင်သူ ၇၀,၀၀၀ကျော် ထိခိုက်ခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တွင်လည်းယနေ့ စနေနေ့နံနက်အစောပိုင်းက သီးခြားဖြစ်စဉ် မြေပြိုမှုနှစ်ခုကြောင့် လူလေးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာ၇ခဲ့သည်ဟု Dhaka Tribune တွင်သတင်းဖော်ပြသည်။

 

ဖြစ်စဉ်တစ်ခုတွင်  Shahinur Akter ၃၀  နှစ်နှင့်  သူမ၏ ညီမဖြစ်သူ  Mahinur Aker အသက် ၂၀ နှစ်တို့ သေဆုံးခဲ့ပြီး နောက်တစ်ခု မြေပြိုမှုတွင် Liton အသက် ၂၃ နှစ်နှင့် ၎င်း၏ညီ  Emon ၁၄နှစ်တို့ သေဆုံးခဲ့သည်။

 

လာမည့်နှစ်ရက်အတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းရှိ ခရိုင် ၁၄ ခုတွင် ရေကြီးနိုင်သည်ဟုရေကြီးရေလျှံမှု ကြိုတင်ခန့်မှန်းရေးနှင့် သတိပေးချက်စင်တာက ယနေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။


(Photo by ANI)

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.