ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းတွင် ပြိုင်ဘက်အုပ်စုများအကြား တိုက်ခိုက်မှုဖြစ်မည်ကို ဒုက္ခသည်များစိုးရိမ်


 

Narinjara News, ဇွန် ၁၈/ ၂၀၂၂

ကော့ဘဇားရှိ မြန်မာနိုင်ငံမှ မူဆလင်ဒုက္ခသည်စခန်းများတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော နိုဘီဟစိန် (ခေါ်) မူနားဂိုဏ်းနှင့် Arakan Rohingya Salvation Army (ARSA) တို့အကြား အကြီးအကျယ် တိုက်ပွဲများ ဖြစ်ပွားမည်ကို ဒုက္ခသည်များ စိုးရိမ်နေကြသည်ဟု Ukhiya News တွင် ဇွန် ၁၇ ရက်နေ့က သတင်းဖော်ပြသည်။

စခန်းအတွင်းလွှမ်းမိုးချုပ်ကိုင်မှု ချဲ့ထွင်ခြင်းနှင့် ပတ်သက်၍ အုပ်စုနှစ်စုကြားအငြင်းပွားမှု တိုက်ခိုက်မှုများပြင်းထန်လာသည်။

တိုက်ခိုက်မှုကို လက်စားချေရန် နိုဘီဟူစိန်အဖွဲ့မှ အဖွဲ့ဝင်များသည် အာဆာလိုလားသော စခန်းစောင့်များကိုပစ်မှတ်ထားပြီး တိုက်ခိုက် သတ်ဖြတ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့ညက အာဆာကို ထောက်ခံသူ မူဟာမတ်ဆလိမ်း (၃၀) နှစ် အမည်ရှိ စခန်းစောင့်တစ်ဦးကို နိုဘီအုပ်စုက သတ်ဖြတ်ခဲ့သည်။  တစ်ပတ်အတွင်း စခန်းအစောင့်သုံးဦး သေဆုံးခဲ့ပြီဟု အမှတ် (၁၄) ရဲတပ်ရင်းအကြီးအကဲ နာယာမူဟောက်ကိုကိုးကာပြီး သတင်းတွင် ဖော်ပြသည်။

လွန်ခဲ့သော နှစ်ပတ်ခန့်ကလည်း နိုဘီဟူစိန်အဖွဲ့ကို အာဆာအဖွဲ့က တိုက်ခိုက်၍ နိုဘီဟူစိန်၏ ညီဖြစ်သူ အပါအဝင် ခြောက်ဦးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။

၎င်းပြဿနာဖြစ်ပွားပြီးနောက် လက်စားချေသည့်အနေဖြင့် နိုဘီဟူစိန်အဖွဲ့က အာဆာအဖွဲ့နှင့် ထောက်ခံသူများကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အိုကီးယား မှုဆင်လင် ဒုက္ခသည်စခန်းမှ နာမည်ကြီး ဒုက္ခသည် ခေါင်းဆောင်တစ်ဦးဖြစ်သူ Mohibullah  အသတ်ခံရပြီးနောက် အာဆာအဖွဲ့အတွင်း နှစ်ခြမ်းကွဲသွားခဲ့ပြီး ထောက်ခံမှုများလျော့ကျသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

Share: