ဇွန် ၁၉/ ၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးရေနစ်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်ဟု Dhaka Tribune က “Over 14,000 child drown inBangladesh every year” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအ၇ ရေနစ်ခြင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကလေးငယ်များ သေဆုံးမှု တတိယမြောက်အကြောင်းရင်း ဖြစ်သည်ဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာရရှိမှု စစ်တမ်း (BHIS-2016) က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အသက် ၁ နှစ်မှ ၁၇ နှစ်ကြား ကလေးငယ်များ သေဆုံးမှု၏ အဓိက အကြောင်းရင်းမှာ ရေနစ်၍ဖြစ်ပြီး နှစ်စဉ် ကလေးငယ် ၁၄,၄၃၈ ဦး သေဆုံးလျက် ရှိကြောင်း တွေ့ရှိ၇သည်ဟုဖော်ပြသည်။
ရေနစ်မှုကြောင့် အသက် ၁ နှစ်မှ ၄ နှစ်ကြား ကလေးငယ်များ သေဆုံးမှုမှာ အမြင့်ဆုံးဖြစ်ပြီး သေဆုံးမှု၏ ၅၀ ရာနှုန်းကျော်သည် ၃နှစ် အသက်မတိုင်မီ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဌာန၏ အဆိုအ၇ ရေနစ်သေဆုံးမှုမှာ နှစ်စဉ် အသက် ၁၈ နှစ်အောက် ကလေး ၁၈,၀၀၀ ခန့် အပါအဝင် လူပေါင်း ၂၀,၆၈၅ ဦးသည် သေဆုံးလျက် ရှိသည်ဟုဆိုသည်။