ဇွန် ၁၉/ ၂၀၂၂
ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ခဲ့သည့်အပေါ်ကြိုဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များကိုမြန်မာနိုင်ငံ ၇ခိုင်ပြည်နယ်သို့နေရပ်ပြန်ပို့ရေး စတင်နိုင်ရေး အမြန် လုပ်ဆောင်ရန် ဒက္ကား၏ တောင်းဆိုချက်ကိုဗုဒ္ဓဟူးနေ့၌ ဘင်္ဂလာ နိုင်ငံခြားရေးဝန်ကြီး AKAbdul Momen က ထပ်လောင်းပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာဆွေးနွေးမှုတွေ စတင်နေပြီဆိုတာ သတင်းကောင်းပါပဲ” ဟု ၎င်းက ပြောကြားသည်။မကြာသေးမီက မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအဆင့်အသီးသီးတွင် အစည်းအဝေး သုံးကြိမ် ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ဒက္ကားရှိ မြို့တော်ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအားပြောဆိုစဉ် ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည်ဒေတာပါဝင်သည့်လူ ၈၃၀,၀၀၀စာရင်းကို လွှဲပြောင်းပေးခဲ့သော်လည်း မြန်မာဘက်က၅၈,၀၀၀သာ အတည်ပြုခဲ့ကြောင်း ဘင်္ဂလာ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်က မူဆလင်ဒုက္ခသည်များကိုနေရပ်ပြန်ပို့ရန် လိုလားနေသော်လည်း နေ့ရက်ကို အတိအကျမသတ်မှတ်၇သေးဘူးဟု ဆိုသည်။သို့သော်လည်း ဘင်္ဂလားဒေ့ရှ်သည်စိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ကာ နေရပ် ပြန်ပို့ရေးကိုတတ်နိုင်သမျှ အမြန်ဆုံး စတင်ရန် နှစ်ဖက်စလုံးက ဇွန် ၁၄ ရက် အင်္ဂါနေ့တွင်ကောင်းမွန်သော တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးMomen ကပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည်၎င်းတို့၏ဆန္ဒအလျောက် လုံခြုံ၊ သိက္ခာရှိရှိနှင့် ရေရှည် တည်တံ့ခိုင်မြဲသောနေရပ်သို့ ဒုက္ခသည်များ နေရပ်သို့ ပြန်ပို့ရေးနှင့် ပတ်သက်သည့်ကိစ္စရပ်အားလုံးအတွက် ခိုင်မာသော ဆွေးနွေးမှုများကို အင်္ဂါနေ့က ပြုလုပ်ခဲ့ကြောင်း သိ၇သည်။
နေရပ်စွန့်ခွာသူများ လက်ခံကျင်းပရန်ကြီးမားသောဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်၊ နေရပ်ပြန်နိုင်ရေး အရည်အချင်းပြည့်မီမှုအမြန်စိစစ်ရေး၊ လုံခြုံရေး၊ စားဝတ်နေရေး နှင့် စားဝတ်နေရေး ဖူလုံရေးတို့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်လက်ခံရေးဆိုင်ရာ စည်းဝေးပွဲတစ်ခုတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလေးပေး ပြောကြားခဲ့သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Masud Bin Momen နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးချမ်းအေး တို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ယာယီခိုလှုံနေသောဒုက္ခသည်များ နေရပ်ပြန်ရေး ဆိုင်ရာ ပူးတွဲ အလုပ်အဖွဲ့ (JWG) ပဉ္စမအကြိမ်မြောက် အစည်းအဝေးတွင် နှစ်ဖက် စလုံးကို ဦးဆောင် ခဲ့သည်။
မကြာသေးမီက သမိုင်းတစ်လျှောက်အကြီးမားဆုံး အစုအပြုံလိုက် ရွှေ့ပြောင်းနေထိုင်မှုတွင် ရိုဟင်ဂျာများ နေရပ်သို့ထွက်ပြေးခဲ့သည်မှာ ငါးနှစ်ကြာခဲ့ပြီဖြစ်သည်။ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးကတိကဝတ်များ မပြည့်မီသေးကြောင်း ဘင်္ဂလားဒေ့ရှ် က ပြောကြားပြီး ဒုက္ခသည်တစ်ဦးတစ်ယောက်မှ နေရပ်သို့ မပြန်နိုင်ဟု မှတ်ချက်ပြုသည်။
စိစစ်ရေးဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန်နှင့် JWGနှင့် နည်းပညာဆိုင်ရာ အလုပ်အဖွဲ့၏ပုံမှန်အစည်းအဝေးများ ကျင်းပရန် မြန်မာ-ဘင်္ဂလာ နှစ်ဖက်သဘောတူခဲ့ကြသည်။