နိရဉ္စရာ၊ ဇွန် ၂၂/၂၀၂၂ (နိုင်ငံတကာ)
အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဟူးနေ့ အစောကြီး ညဉ့်အချိန် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး ၁,၀၀၀ ရှိသွားပြီဟု ငလျင်ဒဏ်ကို အဓိက အဆိုးရွားဆုံးသော ပြည်နယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
"အရေအတွက်က တိုးလာတယ်။ လူတွေက မြုပ်နှံဖို့ တစ်တွင်းပြီး တစ်တွင်း တူးနေကြတယ်"ဟု Paktika မြို့ရှိ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန အကြီးအကဲ Mohammad Amin Huzaifa က သတင်းထောက်များအား မက်ဆေ့ချ်၌ ပြောကြားခဲ့သည်။
ပြင်းအား ၆.၁ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အစောပိုင်းတွင် လူ ၉၂၀ သေဆုံးခဲ့ကြောင်း သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူများက ယနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။
ပါကစ္စတန်နယ်စပ်အနီးတွင် တည်ရှိသည့် အာဖဂန်နိုင်ငံအရှေ့ဘက်Khost မြို့မှ၄၄ ကီလိုမီတာခန့်အကွာ မြေအနက် ၅၁ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်။
ဝေးလံခေါင်သီသော တောင်ပေါ်ကျေးရွာများမှ သတင်းအချက်အလက်များအ၇ အခြားလူပေါင်း ၆၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်းနှင့်သေဆုံးသူ အရေအတွက်တိုးလာမည်ကို ၎င်းတို့က စိုးရိမ်နေကြသည်။
ဗုဒ္ဓဟူးနေ့လှုပ်ခတ်မှုသည် ၂၀၀၂ ခုနှစ်နောက်ပိုင်း လူအသေအပျောက် အများဆုံး ငလျင်ဖြစ်သည်။
ပါကစ္စတန်နှင့်နယ်စပ်အနီး အရှေ့တောင်ဘက်ရှိKhost မြို့မှ ၄၄ကီလိုမီတာ အကွာတွင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ စစ်တမ်း (USGC) မှ ပြောကြားခဲ့သည်။
အတည်ပြုသေဆုံးသူအများစုမှာအရှေ့ပိုင်း Paktika ပြည်နယ်တွင်ဖြစ်ပြီး လူ ၂၅၅ ဦး သေဆုံးကာ ၂၀၀ ကျော် ဒဏ်ရာ၇ခဲ့ကြောင်း Ayubiက ပြောကြားခဲ့သည်။ Khost ပြည်နယ်တွင် ၂၅ဦးသေဆုံးပြီး ၉၀ ဦးကို ဆေးရုံသို့ပို့ဆောင်ထားသည်။
ပါကစ္စတန်၊အာဖဂန်နစ္စတန်နှင့် အိန္ဒိယရှိ လူပေါင်း ၁၁၉ သန်းခန့် တုန်ခါမှုကိုခံစားခဲ့၇ကြောင်း EMSC မှ Twitter တွင် ပြောကြားခဲ့သော်လည်း ပါကစ္စတန်တွင်ပျက်စီးဆုံးရှုံးမှု သို့မဟုတ် အသေအပျောက်သတင်းများကိုချက်ချင်းထုတ်ပြန်ခြင်းမရှိသေးဟု သိ၇သည်။