Preview

အိုကီးယားဒုက္ခသည်စခန်းတစ်ခုတွင် အာဆာအဖွဲ့ဝင်တစ်ဦးလက်တုံ့ပြန်သတ်ဖြတ်ခံရ

ဇွန် ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :8541
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇွန် ၂၃/၂၀၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိုကီးယားမြိုကနယ် ဒုက္ခသည်စခန်းတစ်ခုတွင် အာဆာအဖွဲ့ဝင် တစ်ဦး ဇွန် ၂၂ ရက်နေ့က လက်တုံ့ပြန်သတ်ဖြတ်ခံခဲ့၇သည်ဟုThe Daily Star သတင်းအရသိ၇သည်။

သေဆုံးသူမှာMohammad Shah (၄၂)နှစ်ဖြစ်ပြီး Modhurchora ဒုက္ခသည်စခန်းတွင်နေထိုင်သူဖြစ်သည်။

ကွယ်လွန်သူ၏ဇနီးဖြစ်သူဆာဂျီဒါဘေဂွန်က ၎င်း၏ခင်ပွန်းသည် ပျက်နေသာမိုဘိုင်းဖုန်း ဆက်သွယ်ရေးကို ပြုလုပ်ရန် နံနက် ၆ နာရီ ၃၀ခန့်တွင် နေအိမ်မှ ထွက်ခွာသွားပြီး  ဆိုင်တစ်ဆိုင်အနီးတွင် မတ်တပ်ရပ်နေစဉ် အမည်မသိလူတချို့ရုတ်တရက်ရောက်လာပြီး ပစ်သတ်ကာ ထွက်ပြေးသွားကြသည်ဟု ပြောဆိုသည်။

၎င်းအား ကျည်ဆန်ဒဏ်ရာများဖြင့်ကော့စ်ဘဇားခရိုင်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာ ည ၈း၃၀ နာရီခန့်တွင် သေဆုံးသွားကြောင်း ဆရာဝန်များက ပြောသည်ဟု သတင်းတွင် ဖော်ပြသည်။

ခင်ပွန်းဖြစ်သူကိုမည်သူက ပစ်သတ်သွားခဲ့သည်ကို  မသိ၇သေးဟု ဇနီးဖြစ်သူ ဆာဂျီဒါကပြောသည်။.

သေဆုံးသူ သည် အာဆာအဖွဲ့ဝင်ဖြစ်ပြီး Whykong  ဒုက္ခသည်စခန်းတွင်နေထိုင်သူ မူဟာမတ် ဟာဆိမ်း (Mohammad Hashim) သတ်ဖြတ်ခံ၇မှုတွင် ပါဝင်ပတ်သက်သဖြင့် လက်တုံ့ ပြန်သတ်ဖြတ်ခြင်းအဖြစ် ထောက်လှမ်းရေးအေဂျင်စီမှသံသယရှိနေကြောင်း ၎င်းသတင်း ရင်းမြစ်များကို ကိုးကားပြီး ဘင်္ဂလာရဲတပ်ဖွဲ့ ပြောသည်။

အိုကီးယား ရဲစခန်းမှတာဝန်ခံ Sheikh Mohammad Ali က ရုပ်အလောင်းအားခွဲစိပ်စစ်ဆေးပြီးနောက် မိသားစုဝင်များထံ လွှဲပြောင်းပေးမည်ဖြစ်သော်လည်း  အမှုမဖွင့်၇သေးဟု ပြောဆိုသည်။


"Rohingya man shot dead in Ukhiya refugee camp"

#ဒုက္ခသည်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.