၂၀၁၁ခုနှစ် မတ်လမှစပြီး ဆီးရီးယားတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း အရပ်သား ၃၀၆၈၈၇ ဦးသေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးကလွန်ခဲ့သည့် အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။
၂၀၁၁ခုနှစ် မတ်လတွင် သမ္မတ Bashar al-Assad ၏ အုပ်ချုပ်မှုကိုဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကြောင့် ဆီးရီးယား၏ ပဋိပက္ခသည် စတင် ပေါ်ပေါက်လာခဲ့သည်။
ဆီးရီးယားပဋိပက္ခသည် ကမ္ဘာအင်အားကြီးနိုင်ငံများအကြားဘက်စုံ၊ ကြာရှည်သောပဋိပက္ခအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရှေ့တန်းစစ်မျက်နာများတွင် ငြိမ်သက်နေသော်လည်း အကြမ်းဖက်များမှာဆက်လက်ဖြစ်ပေါ်နေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ ဆီးရီးယားနယ်စပ်တွင်သန်းနှင့်ချီ၍ ရွှေ့ပြောင်းနေထိုင်နေ၇ဆဲဖြစ်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲMichelle Bachelet က ဤသည်မှာ နောက်ဆုံး ဆန်းစစ်ဖြစ်ပြီး ပဋိပက္ခ၏ပြင်းထန်မှုနှင့်အတိုင်းအတာကို ပိုမိုရှင်းလင်းစွာသိရှိနိုင်စေမည်ဟု ပြောကြားခဲ့သည်။
သေဆုံးသူများမှာစစ်ပွဲ၏တိုက်ရိုက်၇လဒ်ကြောင့် သေဆုံးသူများသာဖြစ်ပြီး အဆိုပါ သေဆုံးသူများအထဲတွင် ကျန်းမာရေးစောင့်ရှောက်မှုချို့တဲ့ခြင်း (သို့မဟုတ်) အစားအစာငတ်မွတ်မှု (သို့မဟုတ်) သန့်ရှင်းသောရေရရှိနိုင်မှုတို့ကြောင့် သေဆုံးသူများ မပါဝင်ဟုဆိုသည်။ ၎င်းပြင် အရပ်သားမဟုတ်သည့် သေဆုံးမှုတွေလည်း မပါဝင်ကြောင်း သိ၇သည်။
အရပ်သားသေဆုံးမှု၏အဓိကအကြောင်းအရင်းမှာ တိုက်ပွဲများ၊ ခြုံခိုတိုက်ခိုက်မှုများနှင့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုစသည့် လက်နက်များကြောင့် သေဆုံး၇သူ ” (၃၅.၁%)ကြောင့်ဖြစ်သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒုတိယသေဆုံး၇ခြင်းမှာလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ (၂၃.၃%) ဖြစ်သည်။
306,887 Syrian civilians killed in conflict since March 2011, UN says