Preview

ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်ကြောင့် သေဆုံးသူများရှိလာပြီး ကူးစက်ခံရသူလည်းနေ့စဉ်ထောင်ကျော်ရှိနေ

ဇူလိုင် ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :10389
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇူလိုင် ၃/ ၂၀၂၂

 

မြန်မာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူများထပ်မံရှိလာသလို ကူးစက်ခံရသူလည်း နေ့စဉ်တစ်ထောင်ကျော်အထိ ရှိလာနေသည်ဟုဘင်္ဂလားဒေ့ရှ်ထုတ် သတင်းများတွင် ဖော်ပြသည်။

 

လွန်ခဲ့သည့် စနေနေ့ နံနက် အထိ ၂၄ နာရီ အတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်၁၉ ကြောင့်သေဆုံးသူ ဦး ကူးစက်မှု အသစ် ၁,၁၀၅ ဦးရှိခဲ့သည်ဟု  TheDaily Star က သတင်းဖော်ပြသည်။

 

သေဆုံးသူများတွင်အမျိုးသားသုံးဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ၆ ဦးဖြစ်ပြီး၎င်းတို့ထဲမှ သုံးဦးမှာ ဒက္ကားမြို့မှဖြစ်ကာ  နှစ်ဦးမှာ စစ်တကောင်းနှင့်  တစ်ဦးမှာ  Mymensingh ခရိုင်မှ ဖြစ်ကြသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူမရှိဘဲရက်အတန်ကြာ ရှိခဲ့ရာမှ လတ်တလော ရက်များအတွင်း သေဆုံးမှုများ ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။ 

 

လွန်ခဲ့သော သောကြာနေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ကိုဗစ်ကြောင့် သေဆုံးသူ ၅ ဦး၊ ကူးစက်ခံ၇သူ ၁၈၉၇ ဦးရှိခဲ့သည်ဟု သိ၇သည်။

 

ယခုလို လတ်တလော ရောဂါဖြစ်ပွားမှုများ ပေါ်ပေါက်လာသဖြင် တစ်နိုင်ငံလုံးအနေဖြင့်ုစုပေါင်းရောဂါဖြစ်ပွားမှု ၁၉၇၆၇၈၇ ဦးရှိသွားပြီဖြစ်ကာ စုစုပေါင်းသေဆုံးသူ အရေအတွက်မှာ၂၉၁၆၀ ဦးသို့ရောက်ရှိခဲ့ကြောင်းကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားမှုဦးစီးဌာန(DGHS) မှပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.