ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာသည့် မူဆလင်ဒုက္ခသည် စခန်း ၁၅ ခုတွင် (၆)လအတွင်း မှုခင်းပေါင်း ၂၀၁ မှုဖြစ်ပွားခဲ့ပြီး အာဆာအဖွဲ့ဝင် ၄၁၄ဦး နှင့် မူနာအဖွဲ့ဝင်၉ ယောက်ပါ အပါအဝင် လူပေါင်း ၁၄၁၆ ဦးဖမ်းဆီးခံခဲ့၇သည်ဟု ဒေသအခြေစိုက် Dainik Cox'sbazar က ယနေ့ သတင်းဖော်ပြသည်။
၎င်းပြင် ဒုက္ခသည်စခန်းများမှ၆ လအတွင်း သေနတ် ၁၅လက်အပါအဝင် စိတ်ကြွဆေးပြား ၄ သိန်းနီးပါးတို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှဖမ်းဆီး၇မိခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီး၇မိည့်လက်နက်များတွင် နိုင်ငံခြားလုပ် ပီစတို ၃လက်၊ ဒေသလုပ်သေနတ်လ ၁၂ လက်၊ ကျဉ်ဆန် ၂၀တောင့်၊ ကာတူ ကျည် ဆန် ၁၇ တောင့်၊ ကျည်ဘောက်၃ ခုတို့ကိုပါဝင်ကြောင်း Dainik coxsbazarသတင်းက ဆက်လက် ဖော်ပြသည်။
(၆) လအတွင်း လက်နက်မှု ၁၅ မှုမှ တရားခံ ၁၉ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး စခန်းအတွင်း ဖြစ်ပေါ်ခဲ့သည့် ဓါးပြမှုများမှ တရားခံဆယ်ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ယင်းအပြင်စိတ်ကြွဆေးပြား ၃၉၃၅၁၉ ပြား၊ ဆေးခြောက် ၁၃ ကီလို ၆၉ ဂရမ် ၊ ဘီယာ ၈၉ ဖာ၊ ဝီစကီပုလင်း၁၂ ပုလင်း၊ ဆန်အရက် ၆၂၅၄ လီတာနှင့် အရက်ရောင်း၇သည့် တာကာငွေ ၉၃၆၇၃၀ တို့ကိုလည်းသိမ်းဆည်း၇မိကြောင်းလည်း ယင်းသတင်းတွင် ဖော်ပြသည်။
ယခုဖမ်းဆီးရမိသည့် လူ၊လက်နက်များနှင့် စိတ်ကြွဆေးပြားများမှာ ဇန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ရက်အတွင်း ဖမ်းဆီး၇မိခြင်း ဖြစ်သည်။
ဒုက္ခသည်စခန်းများအတွင်းရှိသူခိုးများထံမှလည်း (၆)လအတွင်း ရွှေ ၂၂၉ ဂရမ်၊ ဆန် ၁၂၈၄၀ ကီလို၊ သကြား ၁၁၉၅ ကီလို၊ စားဆီ ၁၈၃၂ လီတာ၊ ပဲ ၈၁၄ ကီလိုအပါအဝင် တခြားပစည်းများကိုလည်းသိမ်းဆည်း ရမိပြီး လျှပ်တပြက် စစ်ဆးမှုများအ၇ တာကာငွေ၅၀၁၃၀၀ ငွေဒဏ်တပ်နိုင်ခဲ့ပြီး ၄၅ ဦးကိုလည်း ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
လွန်ခဲ့သည့် ဇွန်လအတွင်း လူသတ်မှု (၃) မှုဖြစ်ပွားခဲ့ပြီး APBN ရဲတပ်ဖွဲ့ အမှတ် (၁၄)က ပြစ်မှုကျူးလွန်သူ အများအပြားကို ဖမ်းဆီးခဲ့ကြောင်းဖြင့်လည်း သတင်းတွင် ဖော်ပြထားသည်။
(NN-14)