Preview

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးသေနတ်ပစ်ဖြင့် ပစ်ခတ်ခံရ

ဇူလိုင် ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :2600
နိုင်ငံတကာ သတင်း

ဇူလိုင်-/၂၀၂၂

 

ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်းမစ္စတာရှင်ဇိုအာဘေးသည ယနေ့နံနက်က သေနတ်ဖြင့်ပစ်ခံရပြီးဒဏ်ရာရရှိသွားခဲ့ကာဆေးရုံ တင်ထား၇သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးသည် ဒေသစံတော်ချိန် ယနေ့နံနက် ၁၁ နာရီခွဲဝန်းကျင်က နာရာမြို့တွင်  ကျင်းပ အခမ်းအနားတစ်ခု  မိန့်ခွန်းပြောနေချိန်တွင် နောက်ကနေ သေနတ် ပစ်ခတ်ခံခဲ့ရပြီး လက်ရှိမှာတွင်  ဆေးရုံပို့ထား၇ကြောင်း၊  နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်ခံခဲ့၇ပြီးဒုတိယမြောက် ပစ်ခတ်မှုမှာ နောက်ကျောကို ထိမှန်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြောင်း၊  သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သူကိုဖမ်းဆီးထားကြောင်း သတင်းများတွင် ဖော်ပြသည်။

ျပန်နိုင်ငံအနောက်ပိုင်း နာရာမြို့မှာ ဒီနေ့နံနက် ဒေသစံတော်ခှိန် ၁၁ နာရီခွဲဝန်းကျင်ကသေနတ်ပစ်ခံရပါတယ်။ သေနတ်သမားလို့ ယုံကြည်၇သူ အမျိုးသားတစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။မစ္စတာ အာဘေးရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး"ဟု ဂျပန်အစိုးရအဖွဲ့အထွေထွေအတွင်းရေးမှူး ဟီရိုကီမတ်ဆုနိုက သတင်းထောက်များအား ပြောကြားသည်။

 ဖမ်းဆီးခံထား၇သူမှာအသက် ၄၀ အရွယ်ခန့်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းအား သေနတ်တစ်လက်နှင့် အတူ ဖမ်းမိကြောင်း NHK သတင်းဌာနကဆိုသည်။

အသက်၆၇ နှစ်အရွယ်ရှိ ရှင်ဇိုအာဘေးသည် သေနတ်ပစ်ခံရသဖြင့် လဲကျသွားချိန်တွင် သတိလစ်ကာစိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း မစ္စတာ အာဘေးဟာ နှလုံးရပ်သွားနိုင်တဲ့အခြေအနေမှာ ရှိနေကြောင်း တိုကျိုမြို့ဝန်ဟောင်း YoichiMasuzoe က တွစ်တာမှာရေးသားထားကြောင်း ဘီဘီစီတွင်သတင်းဖော်ပြထားသည်။

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.