Preview

ဒုက္ခသည်စခန်းတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသားမှတ်ပုံတင်အတုလုပ်သည့် အဖွဲ့ တစ်ဖွဲ့ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီး

ဇူလိုင် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :9921
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ ဇူလိုင် ၂၂/၂၀၂၂

 

ဘင်္ဂလာဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားခရိုင် အိုခီးယားမြို့နယ်အတွင်းရှိမြန်မာနိုင်ငံက ထွက်ပြေး လာကြသည့် မူဆလင် ဒုက္ခသည်စခန်းတစ်ခုတွင်နိုင်ငံသားမှတ်ပုံတင်၊ နိုင်ငံကူးစာအုပ် ကားမောင်းလိုင်စင်နှင့် တစ်ခြား စာရွက်စာတန်းများကို အတုလုပ်သည့် အဖွဲ့တစ်ဖွဲ့ကိုဘင်္ဂလာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Ukhiya  news အပါအဝင် တစ်ခြား ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

 

ယခုကဲ့သို့ ဖမ်းဆီးခံ၇သူများမှာ အိုကီးယားမြို့နယ်ရှိ လင်ဘာချီးယာဒုက္ခသည်စခန်း အမှတ် F-10 Blockမှ ဒုက္ခသည်များဖြစ်သည့် မိုဟာမတ် အဘဒူလ္လဟ်(၃၇)နှစ်၊ အာဘူလ်ခါယေ့လ် (၁၈)နှစ်နှင့် F-13-Block မှ မိုဟာမတ် တာလ်ဟ (၆၀)နှစ်၊ မိုဟာမတ်ဟာရူန် (၃၆)နှင့် တက်ကနက်မြို့နယ် အုန်းကျွန်း တောင်ဘက်ရွာမှ ဘင်္ဂလာဒေ့ချ်နို်င်ငံသားအီစ္စမာလ် (၄၈) တို့ဖြစ်ပြကြောင်း သိရှိ၇သည်။

 

လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ ညဉ့်အချိန်တွင် သတင်းအရ လင်ဘာချီးယားစခန်းတွင်နေထိုင်သည့် အဘဒူလ္လဟ် နေအိမ်ကို ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေစဉ် သူတို့အား ဖမ်းဆီး၇မိခြင်းဖြစ်သည်ဟုတစ်ခြား နာမည်ကြီး ဘင်္ဂလီသတင်းစာ တစ်ခုဖြစ်သည့် ပြော်ထင်းအာလောကလည်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးကို ကိုးကားဖော်ပြထားသည်။

 

ယခုဖမ်းဆီးမိသူများနှင့်အတူ လက်ပတော့ကွန်ပျူတာ ၄ လုံး၊ စမတ်ဖုန်း၈လုံး၊ USB ၄ ခု၊ စကန်နာတစ်လုံး၊ ပြိန်တာတစ်လုံး၊ မွေးစာရင်းမဖြည့်ရသေးသည့် စာရွက်စာတမ်း၁၁ ခု၊ မွေးစာရင်းအတု ၃၀ ခု၊ အမျိုးသာ မှတ်ပုံတင် အတု ၂၀ ခု၊ တခြားသောအမျိုးမျိုးသောမှတ်ပုံတင်ကော်ပီအခု ၂၀၀၊ အီစ္စလင်မိတ်ဘဏ်နှင့် ချောနာလီဘဏ်စာအုပ် တစ်ခုစီတို့ကို သိမ်းဆည်း၇မိသည်။

 

ယင်းအပြင် ဆေးတံဆိပ် ၅ ခု၊ အရပ်ဘက် အသင်းအဖွဲ့တစ်ခုမှ အသင်းဝင်စာရွက်တစ်ခု၊ကားမောင်းလိုင်စင် ၈ ခု၊ ဗီဇာယူရန်အသင့်ဖြစ်နေသည့် နိုင်ငံကူးစာအုပ် ၃၈ တို့အပြင် တခြားစာရွက်စာတမ်းများကိုလည်း သိမ်းဆည်းရမိကြောင်းလည်း ဘင်္ဂလီသတင်းများတွင်ရေးသား ဖော်ပြသည်။

 

ယခုအခါ အဆိုပါဖမ်းဆီးရမိသူများကို အိုခီးယားရဲစခန်းသို့ပို့ဆောင်ထားပြီးအမှုဖွင့် အရေးယူထားကြောင်း သိရှိ၇သည်။

 

လွန်ခဲ့သည့် ၅ နှစ်ကျော်က ဒုက္ခသည် ၁၂ သိန်းကျော်ရှိခဲ့သော်လည်းအခုအခါ ဘင်္ဂလာဒေ့ချ်နိုင်ငံသား ခံယူပြီး တခြားနေရာများတွင် သွားရောက်နေထိုင်ကာ တချို့မှာလည်းဘင်္ဂလာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး ပွဲစား များနှင့် ပူးပေါင်းကာ မလေးရှား၊ဆော်ဒီနိုင်ငံများသို့ ထွက်ခွာသွားကြသည်ဟု ရဲတပ်ဖွဲ့နှင့်ဒုက္ခသည် ခေါင်း ဆောင်များကပြောဆိုကြောင်းလည်း ယင်းသတင်းတွင်ဖော်ပြထားသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.