နိရဉ္စရာ၊ ဇူလိုင် ၂၈/၂၀၂၂ (ရိုက်တာသတင်း)
မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်ခြင်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇူလိုင် ၂ရရက်နေ့ကရှုတ်ချခဲ့သည်။
၎င်းပြင် သမ္မတဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသော အကျဉ်းသားအားလုံးကို လွှတ်ပေးရန်တောင်းဆိုခဲ့သည်။
တရုတ်၊ ရုရှား၊ အမေရိကန် အပါအဝင် အဖွဲ့ဝင်၁၅ ဦးစလုံးက အတည်ပြုသည့်ကြေညာချက်တွင် လုံခြုံရေးကောင်စီသည် တွေ့ဆုံ ဆွေးနွေးရန်နှင့် အမျိုးသားပြလည်သင့်မြတ်ရေးကို “မြန်မာနိုင်ငံ ပြည်သူများ၏ ဆန္ဒနှင့် အညီ" တောင်းဆိုကြောင်း ဖော်ပြသည်။
၎င်းအပြင် အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရန်၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာရန်နှင့် အကူအညီများ အပြည့်အ၀ရရှိရေးတို့ကို ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်အာဏာသိမ်းမှုတွင် အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်က အရပ်သားတော်လှန်ရေး လှုပ်ရှားမှုကို ကူညီဆောင်ရွက်ပေးခဲ့သောတက်ကြွလှုပ်ရှားသူများကို ကွပ်မျက်လိုက်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့ပြီး၊ ယင်းမှာ ဆယ်စုနှစ်များစွာအတွင်းမြန်မာနိုင်ငံ၏ ပထမဆုံးသော ကွပ်မျက်မှုဖြစ်သည်ဟုဆိုသည်။
မြန်မာ့စစ်ကောင်စီသည် အင်္ဂါနေ့တွင် ၎င်းကွပ်မျက်မှုအပေါ် "ပြည်သူအတွက်တရားမျှတမှု" အဖြစ် ကာကွယ်ပြောကြားခဲ့ပြီး ၎င်း၏အနီးကပ်ဆုံးအိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ၏ ရှုတ်ချမှုကို ပယ်ချခဲ့သည်။
"U.N. Security Council condemns Myanmar executions/Reuters. July 28,2022"