နိရဉ္စရာ၊ ဇူလိုင် ၂၈/ ၂၀၂၂ (နိုင်ငံတကာ)
၂၅ တန် အလေးချိန်ရှိသည့် တရုတ်အာကာသ ဒုံးပျံယာဥ်၏ အစိတ်အပိုင်းများသည် ကမ္ဘာမြေပေါ်သို့ လာမည့် ဇူလိုင် ၃၁ ရက်နေ့ ကျရောက်နိုင်သည်ဟု ကျွမ်းကျင်သူများခန့်မှန်းထားသည်။
၎င်း ၂၅တန်ရှိသော အာကာသဒုံးပျံ၏ အစိတ်အပိုင်းများ မည်သည့်နေရာသို့ ကျလာမည်ဆိုသည်ကို ပြောဖို့ စောလွန်းသည်ဟု ၎င်းတို့က ဆိုသည်။
သို့သော်လည်း ၎င်းတရုတ် အာကာသယာဉ်အမှိုက်များသည် ယခုလကုန်ပိုင်းလောက်တွင်ကမ္ဘာမြေပေါ်သို့ ပြန်ကျလာမည်ဟု ၎င်းကျွမ်းကျင်သူများကခန့်မှန်းထားသည်။
ပြီးခဲ့သည့် တနင်္ဂနွေ(ဇူလိုင်-၂၄)က လွှတ်တင်ခဲ့သည့် တရုတ်တို့၏ long March 5 ဒုံးပျံ အစိတ်အပိုင်းများ ယခုရက်ပိုင်းအတွင်း ကမ္ဘာမြေပေါ်သို့ အထိန်းအချုပ်မဲ့ ပြန်လည် ဝင်ရောက်လာမည်ဖြစ်ရာ လူဦးရေထူထပ်သော ကမ္ဘာ့နယ်မြေများပေါ် ကျရောက် လာဖွယ်ရှိသဖြင့် စိုးရိမ်မကင်းဖြစ်နေကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။
တရုတ်အာကာသတာဝန်ရှိသူက ထိုကိစ္စနှင့်ပတ်သက်၍ ဒုံးပျံအစိတ်အပိုင်းများ ကမ္ဘာမြေပေါ် ပြန်လည်ကျရောက်လာနေမှုကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ စိုးရိမ်စရာ မရှိကြောင်း၊ ယခုကဲ့သို့ ဒုံးပျံများ အာကာသထဲသို့ ပစ်လွှတ်စဉ် အစိတ်အပိုင်းအချို့ ပြန်ကျတတ်သည်မှာ အစဉ်အလာ ဖြစ်ကြောင်း၊ အန္တရာယ်မရှိနိုင်ကြောင်း ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်ဒုံးပျံအစိတ်အပိုင်းများ ပြန်ကျလာနိုင်ဖွယ်ရှိသော ဒေသများတွင် မြောက်အမေရိက၊ အာဖရိက၊ အိန္ဒိယ၊ ဘရာဇီး၊ ဩစတြေးလျ နှင့် အရှေ့တောင်အာရှတို့ပါဝင်ကြောင်း အမေရိကန်အခြေစိုက် aerospace Corp က ထုတ်ပြန်ခဲ့ပြီး လူဦးရေထူထပ်သော ဒေသများ ပါဝင်နေသည်။
“ ဘယ်နေရာပြန်ကျမယ် အတိအကျခန့်မှန်းလို့မ၇တဲ့အတွက် လူဦးရေထူထပ်တဲ့နေရာတွေအပေါ် မကျရောက်နိုင်ဘူးလို့( zero probability) ပြောမ၇ပါဘူး”လို့အမေရိကန်အခြေစိုက် aerospace Corp က ဆိုသည်။
တရုတ်တို့က ပြန်ကျလာမည့် ဒုံးပျံအစိတ်အပိုင်းများကို အချိန်နှင့်အမျှစောင့်ကြည့်သတိပေးနေမည်ဟု ဆိုပြီး အန္တရာယ်ဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းများမှာ တရုတ်၏ အာကာသဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသည့် မနာလိုမှုသာဖြစ်သည်ဟု ဆိုသည်။
( Photo By The straits Times)
(ကိုးကား)
“25-ton Chinese rocket debris willfall to Earth around July 31, experts predict”
“ Chinasays it's closely tracking debris of its most powerful rocket crashing towardsEarth”