သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

၂၀၂၂ သန်ခေါင်းစာရင်းအရဘင်္ဂလာဒေ့ချ်နိုင်ငံလူဦးရေသန်း ၁၆၅ကျော်သွားပြီဖြစ်ကာ အမျိုးသမီးဦးရေကအမျိုးသားထက်ပိုများနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

နိရဉ္စရာ၊ ဇူလိုင်၂၈/၂၀၂၂

မြန်မာ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလာဒေ့ချ်နိုင်ငံ လူဦးရေစာရင်းကို ဇူလိုင်လ ၂၇ ရက် (ဗုဒ္ဓဟူးနေ့)ကထုတ်ပြန်ရာ တစ်နိုင်ငံလုံး၏လူဦးရေမှာ ၁၆၅ သန်းကျော်ရှိပြီး အမျိုးသားထက် အမျိုးသမီး လူဦးရေပိုများသည်ဟု ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်ကောက်ယူခဲ့သည့် လူဦးရစာရင်း အရ တနိုင်ငံလုံး လူဦးရေမှာ ၁၆၅၁၅၈၆၁၆ ဦး ရှိပြီး ယင်းအထဲတွင် အမျိုးသား ဦးရေ ၈၁၇၁၂၈၂၄ ဦးနှင့် အမျိုးသမီး ဦးရေမှာ ၈၃၃၄၇၂၀၆ ဦးဖြစ်ပြီး လိင် ပြောင်းသူမှာလည်း ၁ သောင်းကျော်ရှိကြောင်း ဘင်္ဂလာဒေ့ချ် နိုင်ငံထုတ် သတင်းများတွင် ဖော်ပြထားသည်။ ယခု ထုတ်ပြန်သည့် စာရင်းအရ အမျိုးသမီးဦးရေမှာ အမျိုးသား ဦးရေထက် (၁၆၃၄၃၈၂)ခန့် ပိုများသည်။

ဘာသာရေးကိုးကွယ်သူများစာရင်းဖော်ပြရာ အစ္စလာမ်ဘာသာဝင် ၉၁.၀၄ ရာနူန်း ရှိပြီး ဟိန္ဒူ ၇. ၀၅ ရာနုန်း၊ ဗုဒ္ဓဘာသာ ၀.၆၁ ရာနုန်း၊ ခရစ်ယာန် ၀.၃ ရာနုန်းနှင့် တခြား ၀.၁၂ ရှိသည်ဟု ဖော်ပြသည်။

၂၀၂၂ ခုနှစ် သန်းခေါင်စာရင်းအရဘင်္ဂလားဒေ့ရှ် လူဦးရေတိုးနှုန်းမှာ ကျဆင်းလာပြီး ၁. ၂၂ ရာနုန်းတိ ကျဆင်းလာသည်ဟု Dhaka Tribune က ဖော်ပြသည်။

ယခု ထုတ်ပြန်သည့်စာရင်းမှာ လွန်ခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကနေ ၂၈  ရက်နေ့ထိ တနိုင်ငံလုံးတွင် တချိန်တည်း ကောက်ခံခဲ့သည့် သန်ခေါင်းစာရင်းကို Bangladesh Bureau of Statistics (BBS) က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စာရင်းအရ နိုင်ငံတစ်ခုလုံးအတိုင်းအတာဖြင့် (၁) ကီလိုမီတာ ပတ်လည်တွင် လူဦးရေ (၁၁၁၉) ဦး နေထိုင်ပြီး ဒါကာမြောက်ပိုင်း ခရိုင်တွင် (၁) ကီလိုမီတာ ပတ်လည်တွင် (၃၉၃၅၃) ဦး နေထိုင် သည့်အတွက် လူဦးရေ အထူထပ်ဆုံဖြစ်ဖြစ်ပြီး ရင်ပူခရိုင်က တစ်ကီလိုမီတာ ပတ်လည်တွင် (၃၄၄၄) ဦးရေ နေထိုင်သည့် အတွက် လူဦးရေ အနည်းဆုံးဖြစ်ကာ စစ်တကောင်း ခရိုင်အတွင်း (၁)ကီလိုမီတာ ပတ်လည်တွင် (၂၀၇၆၇) ဦး နေထိုင်ကြောင်း  Dainik cox'dsbazar သတင်းတွင် ဖော်ပြထားသည်။

၂၀၀၁ ခုနှစ် လူဦးရေစာရင်းမှာ ၁၂၄၃၅၅၂၆၃ ဦး၊ ၁၉၉၁ နှစ်က ၁၀၆၃၁၄၉၉၂ ဦး၊ ၁၉၈၁ ခုနှစ်တွင် ၈၇၁၁၉၉၆၅ ဦးနှင့် ၁၉၇၄ ခုနှစ် ပထမဆုံး နိုင်ငံလူဦးရေ စာရင်းကောက်ခံမှုမှာ ၈၁၄၀၇၉၇၁ ဦးဖြစ်ကြောင်း ပြော်ထင်းအာလော သတင်းတပုဒ်တွင်ဖော်ပြထားသည်။ (NN 14)

ဆက်စပ် သတင်းများ