ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တာကာငွေ (၂၅) ကုဋေ တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့်အိုင်းစ်များ နတ်မြစ်အတွင်း ဘင်္ဂလာနယ်ခြားစောင့်တပ်ကဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k

နိရဉ္စရာ၊ ဩဂုတ် ၁/၂၀၂၂

မြန်မာနိုင်ငံက တင်သွင်းလာသည့် စိတ်ကြွဆေးပြား ၁၅၀၀၀၀၊ အိုင်းစ် (Ice) ၄ ကီလို ၂၇၈ ဂရမ်နှင့် အနုမြူငါးဖမ်းပိုက်များကို ဇူလိုင် ၃၁ ရက် နံနက်က ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်က နတ်မြစ် အတွင်း ဖမ်းဆီးမိခဲ့သည်ဟု ဘင်္ဂလာသတင်းဌာနများက သတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ (BGB) သည် မူးယစ်ဆေးဝါးမှောင်ခို အဖွဲ့တစ်ခုက  ဘင်္ဂလားဒေ့ရှ်န ိုင်ငံထဲသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟု သတင်းရရှိသဖြင့် ဇူလိုင် ၃၁ ရက် နံနက် အစောကြီး ညဉ့်အချိန်၌ နတ်မြစ်အတွင်း စောင့်နေစဉ် ဖမ်းဆီးရမိသည်ဟု ဆိုသည်။

၎င်းဆေးဝါးများကို  မြန်မာနိုင်ငံဘက် ဘင်္ဂလာဘက်သို့ သစ်သားလှေတစ်စီးဖြင့် သယ်ယူလာခြင်း ဖြစ်ပြီး  စစ်ဆေးရန်ခေါ်ယူစဉ် လှေပေါ်ပါလာသည့် မှောင်ခိုသမားများသည် လှေပေါ်မှ ရေထဲခုန်ချပြီး  မြန်မာဘက်ကို ကူပြေးသွားသည်ဟု သတင်းတွင် ဖော်ပြထားသည်။

လှေပေါ်တွင် ပါလာသည့် ပလစတစ် အိတ်နှစ်လုံးကို ဖွင့်ဖောက် စစ်ဆေးရာ မူးယစ်ဆေးဝါး အိုင်းစ် ၄ ကီလိုနှင့် ၂၇၈ ဂရမ်၊ စိတ်ကြွဆေးပြားတစ်သိန်းခွဲနှင့် အနုမြူ ပိုက် (၂၅) ကေစီတို့ကို ဖမ်းဆီးရမိပြီး  ၎င်းမူးယစ်ဆေးဝါးများ၏ တန်ဖိုးမှာ ဘင်္ဂလားဒေ့ရှ် တာကာငွေ (၂၅) ကုဋေဖိုးရှိသည်ဟု ဆိုသည်။

တက်ကနက်မြို့ အခြေစိုက် အမှတ် (၂) နယ်ခြားစောင့်တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူကြီး Sheikh Khalid Mohammad Iftekhar က ၎င်းမူးယစ်ဆေးဝါးများကို တက်ကနက်မြို့နယ်အပိုင် နတ်မြစ်အတွင်းရှိ  Jalyar   ကျွန်းအနီးတွင် ဖမ်းမိသည်ဟု သတင်းဌာနများသို အတည်ပြုပြောဆိုသည်။

အလားတူ လွန်ခဲ့ ဇွန်လကလည်း စိတ်ကြွဆေးပြား ၄၄၇၀၀၀ နှင့် အတူ အိုင်းစ် ၁၁ ကီလိုကျော် ကိုလည်း တက်ကနက် အခြေစိုက် အမှတ် (၂) ဘင်္ဂလာနယ်ခြား စောင့်တပ်မှ ဖမ်းဆိးရမိကြောင်းလည်း အဆိုပါသတင်းတွင်ဖော်ပြသည်။

ဆက်စပ် သတင်းများ