နိရဉ္စရာ၊ ဩဂုတ် ၄/၂၀၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇူလိုင် ၃ ရက်နေ့က လူတစ်ဦးသေဆုံးခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း၇ေကြီးရေလျှံမှုများကြောင့်သေဆုံသူ အရေအတွက်မှာ ၁၃၇ ဦးအထိ ရှိလာသည်ဟု သိ၇သည်။
၂၀၂၂ ခုနှစ် မေလ ၁၇ ရက်မှ သြဂုတ်၃ ရက်အထိ သေဆုံးသူဦးရေမှာ ၁၃၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်းကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန (DGHS) ကိုးကားပြီး UNB.သတင်းဌာနက သတင်းဖော်ပြသည်။
ရေကြီးရေလျှံမှုကြောင့်လူ ၁၀၇ဦး ရေနစ်သေဆုံးခဲ့ပြီးမိုးကြိုးပစ်ခံ၇မှုကြောင့် ၁၈ ဦးသေဆုံးကာ မြွေကိုက်ခံရသည့် နှစ်ဦး၊ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် တစ်ဦးနှင့် အခြား အကြောင်းရင်း များကြောင့် ကိုးဦးသေဆုံးခဲ့ကြောင်းသိ၇သည်။
သေဆုံးသူများမှာ ဆီလပ် (Sylhet) ရ၇ ဦး၊ မိုင်မန်ဆိုဒ် (Mymensingh) မှ၄၃ ဦး၊ ရမ်ပူရ် (Rangpur)မှ၁၆ ဦး၊ ဒါကာမှတစ်ဦးတို့ဖြစ်သည်။
(Photo by Dhaka Tribune)