Preview

ဘင်္ဂလားဒေ့ရှ် နျူကလီးယားဓာတ်အားပေးစက်ရုံအတွက် ရုရှားမှစက်ပစ္စည်းများတင်ဆောင်လာသောသင်္ဘောများတစ်ပတ်အတွင်း ၂ ကြိမ်ရောက်ရှိလာ

သြဂုတ် ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :5320
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဩဂုတ် / ၂၀၂၂ (နိုင်ငံတကာ)

ဘင်္ဂလာဒေ့ရှ်တွင် ရုရှားအကူအညီဖြင့် တည်ဆောက်နေသော Rooppur နျူးကလီးယားဓာတ်အားပေးစက်အတွက်စက်ယန္တရားများ တင်ဆောင်လာသည့် ရုရှားသင်္ဘောတစ်စင်းသည် Mongla ဆိပ်ကမ်းသို့  ဒုတိယအကြိမ်မြောက် ောက်ရှိလာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနဖြစ်သော UNBက သတင်းဖော်ပြသည်။

ယခုနှစ်ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သို့ရုရှားနိုင်ငံမှ စက်ကရိယာများ ပို့ဆောင်မှုမှာဒုတိယမြောက် ပို့ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်အားပေးစက်ရုံအတွက်စက်ယန္တရား ၅၆၀၁တန်  တင်ဆောင်လာသည့်လိုင်ဘေးရီးယားအလံတင်သင်္ဘော MVDragonball သည်သောကြာနေ့တွင် ဆိပ်ကမ်း၏ဆိပ်ခံတံတား တွင်ဆိုက်ကပ်ခဲ့ကြောင်း မောင်လာဆိပ်ကမ်းမှဆိပ်ကမ်းအရာရှိ Sheikh Fakar Uddin ကပြောသည်။

ဆိပ်ခံတံတား ၇ မှာ င်္ဘောပေါ်က ကုန်ပစ္စည်းတချို့ကိုသင်္ဘောပေါ်ကနေ ရွှေ့ပြောင်းပါတယ် သင်္ဘောရေစူးမြင့်တက်လာပြီးတဲ့နောက်သင်္ဘောကို စနေနေ့မွန်းလွဲပိုင်းတွင် ဆိပ်ကမ်း-၉ဆိပ်ကမ်းကိုပြောင်းရွှေ့ဆိုက်ကပ်မှာဖြစ်ပါတယ်၎င်းကပြောကြားခဲ့သည်။

ထို့နောက်စက်ယန္တရားများကို ဆိပ်ခံတံတားတွင် ရွှေ့ပြောင်းပြီး ဓာတ်အားပေးစက်ရုံသို့ သယ်ယူ ပို့ဆောင်မည်ဖြစ်သည်။

ဇွန်၂၈ ရက်က Rooppur နျူကလီးယား ဓာတ်အားပေးစက်ရုံအတွက်စက်ယန္တရား ၃၃၂၈ ဒသမ၂၃၇ တန် တင်ဆောင်လာသည့် ရုရှားအလံတင်သင်္ဘော MVKamilla သည် ဆိပ်ကမ်း၏ဆိပ်ခံတံတား တွင် ဆိုက်ကပ်ခဲ့သည်ဟု သိ၇သည်။

Rooppur  နျူးကလီးယားအတွက်စက်ပစ္စည်းများ တင်ဆောင်လာသည့် နောက်ဆုံး ရုရှားကွန်တိန်နာသင်္ဘော MV FESCOULISS သည် ၂၀၂၁ ခုနှစ်အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း မောင်လာဆိပ်ကမ်းဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ် Mohammad Musa က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည်ရုရှား အကူအညီဖြင့် ဒက္ကားမှ မိုင် ၁၀၀ ခန့် ဝေးသည့်  Rooppur တွင် နျူးကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၁၇ ခုနှစ် နိုဝင်ဘာမှစတင်အကောင်အထည်ဖော်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု သိ၇သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မီဂါဝပ် ၁၂၀၀ စီ ထုတ်လုပ်နိုင်မည့်နျူးကလီးယား ဓာတ်အားပေး စက်ရုံ ၂ ခုကို  အမေရိကန်ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလီယံ အကုန်အကျခံပြီး တည်ဆောက်ရန် ရုရှားနိုင်ငံနှင့်  ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

(Second ship from Russia anchors at Mongla Port ina week/ Dhaka Tribune)

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.