Preview

ဘင်္ဂလားဒေ့ရှ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် ငါးဖမ်းသင်္ဘော ၁၁ စင်းနစ်မြုပ်ကာ လူပေါင်း ၃၄ ယောက်ပျောက်ဆုံးနေ

သြဂုတ် ၂၀/ ၂၀၂၂ | ကြည့်ရှုသူ :4400
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ ဩဂုတ် ၂၀/၂၀၂၂

 

ဘင်္ဂလာပင်လယ်အော်တွင် ရာသီဥတု ဆိုးရွားပြီး လှိုင်းလေထန်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘော ၁၁ စင်း နစ်မြုပ်ပြီး ရေလုပ်သား ၃၄ ဦး ပျောက်ဆုံးနေကြောင်း UNB သတင်းကို ကိုးကားပြီး Dhaka Tribune တွင် သတင်းဖော်ပြသည်။

 

ဘင်္ဂလားပင်လယ်အော်အတွင်း  သောကြာနေ့က ဆိုးရွားတဲ့ရာသီဥတုကြောင့် ငါးဖမ်းငါးဖမ်းသင်္ဘော ၁၁ စင်း နစ်မြုပ်ခဲ့တဲ့အတွက် တံငါသည် သုံဆယ့်လေးဦး ပျောက်ဆုံးနေကြောင်း ဘင်္ဂလာကမ်းခြေစောင့် တပ်ဖွဲ့က စနေနေ့က ပြောသည်။

 

နစ်မြုပ်သည့် ငါးဖမ်းသင်္ဘော ၁၁စီးပေါ်တွင် ငါးဖမ်းသမား ၁၆၀ ဦးလိုက်သွားခဲ့ပြီး ထိုအထဲမှ ၁၂၆ ဦးမှာ ရေကူးပြီး ကမ်းကပ်လာနိုင်ခဲ့သည်ဟု ဆိုသည်။

 

ယခုအခါ ရေလုပ်သားအချို့သည် Kuakata ခုတင် ၂၀ဆံ့ဆေးရုံနှင့် အခြားဆေးရုံများတွင် ဆေးကုသမှု ခံယူလျက်ရှိသည်ဟု ဆိုသည်။  ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် ပျောက်ဆုံးနေသော ငါးဖမ်းသမားများကို လိုက်လံ ကယ်ဆယ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိ၇သည်။

 

နစ်မြုပ်သည့် ငါးဖမ်းသင်္ဘောများအထဲတွင် MV Mamoni (3) FBSaiful FB Al Mamun FB Kulsun FB Rafique Majhi FB Nurbanu စသည့် သင်္ဘောများဖြစ်ပြီး ကျန်သင်္ဘောများမှာ Barguna ခရိုင်က ဖြစ်သည်။

 

၎င်းငါးဖမ်းသင်္ဘော ၁၁ စီးသည် ဩဂုတ် ၁၉ ရက် သောကြာနေ့ မွန်းလွဲ ၁၂ နာရီမှ ၁၀ နာရီကြား တွင် ဘင်္ဂလား ပင်လယ်အော်တွင် ရာသီဥတု ဆိုးရွားမှုကြောင့်  နစ်မြုပ်ခဲ့သည်။

-----------------

ရခိုင်ကမ်းရိုတန်းအနီး ဖြစ်ပေါ်ခဲ့သော အားကောင်းသော မုန်တိုင်းငယ်သည် (DeepDepression)

ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအ၇ အိန္ဒိယ နိုင်ငံ၊ ဂျက်ခန်း ပြည်နယ်တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောအားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် ဆက်လက်တည်ရှိနေကြောင်း မြန်မာ မိုးဇလမှယနေ့ နေ့လယ် ၁၂ နာရီက သတင်းထုတ်ပြန်သည်။

 

အဆိုပါအားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် အနောက်- အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ ဂျက်ခန်း ပြည်နယ်နှင့်ချက်တစ်ဂတ်ပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်ပြီး၊ နောက် (၂၄)နာရီအတွင်းမဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိကာ တဖြည်းဖြည်း အားလျော့သွားမည်ဟုခန့်မှန်း၇ကြောင်း ဖော်ပြထားသည်။

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.