ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နယ်မြေထဲ မော်တာကျည်ကျရောက်၍ မြန်မာသံအမတ်ကိုခေါ်ယူကန့်ကွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 398

နိရဉ္စရာ၊ ဩဂုတ် ၃၀/၂၀၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အောင်ကျော်မိုးကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း မြန်မာဘက်က မော်တာကျည်ဆန်တွေ ကျရောက်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု  Dhaka Tribune က သတင်းဖော်ပြသည်။

 ဒီလိုဖြစ်ရပ်တွေအပေါ် မြန်မာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ နောက်ထပ်တစ်ကြိမ် ထပ်မဖြစ်ပွားဖို့ ကျနော်တို့ တောင်းဆို ထားပါတယ်။ ဒီဖြစ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်ဟု နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ 

မြန်မာသံအမတ်ထံကို စာတိုတစ်စောင်ကိုလည်းပေးအပ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မပေါက်ကွဲသေးသော မော်တာကျည်ဆန်များကျရောက်မှုသည် မတော်တဆမှု သို့မဟုတ် ရည်ရွယ်ချက် ရှိ/မရှိကို ပထမဆုံး စုံစမ်းစစ်ဆေးမည်ဟု နိုင်ငံခြားရေး အတွင်းဝန်ကလည်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် တနင်္ဂနွေနေ့မွန်းလွဲပိုင်းက ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်၊ တောင်ပြိုအနီးတွင် မြန်မာဘက်မှပစ်လိုက်သည့် မော်တာကျည်နှစ် လုံး ကျရောက်လာပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို  သတိထားစောင့်ကြည့်နေခဲ့သည်ဟု ဆိုသည်။

 မပေါက်ကွဲသေးတဲ့ မော်တာကျည်များကို တွေ့ရသဖြင့် ဘင်္ဂလာဒေသခံများအထိတ်တလန့် ဖြစ်ခဲ့ရသည်ဟု သတင်းတွင်ဖော်ပြထားသည်။

ဆက်စပ် သတင်းများ