Preview

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၆၅ ဦး သေဆုံး

စက်တင်ဘာ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :4062
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၆/၂၀၂၂

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင်  တနင်္လာနေ့  အင်အားပြင်း ငလျင်လှုပ်ခတ်သဖြင့် အနည်းဆုံးလူ ၆၅  ဦးသေဆုံးခဲ့ကြောင်း AFP က သတင်းဖော်ပြသည်။

 

ပြင်းအား၆ ဒသမ ၆ အဆင့်ရှိ ငလျင်သည် ဇီချွန်ပြည်နယ်Kangding ၏ အရှေ့တောင်ဘက် ၄၃ ကီလိုမီတာအကွာတွင် တနင်္လာနေ့က အနက် ၁၀ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်း US Geological Survey အရသိ၇သည်။

 

ငလျင်ကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်၊ အိမ်များပျက်စီးပြီး မြေများပြိုကျခဲ့သည်ဟု တရုတ်ဗဟိုသတင်းဌာနက ဖော်ပြသည်။

 

မြေငလျင်လှုပ်ခတ်မှုကြောင့် ရာနဲ့ချီတဲ့ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးသမားများက အပျက်အစီးကြားများနေ ထောက်လှမ်းရှာဖွေခဲ့ကြကြောင်း၊ လက်ရှိအချိန်ထိ   လူပေါင်း၆၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့နံနက်ပိုင်း သတင်းတွင် ဖော်ပြသည်။

 

လူ၂၀၀ ကျော်သည် ဝေးလံခေါင်သီသော ရှုခင်းသာဧရိယာတွင် ပိတ်မိနေပြီးအခြားနေရာများတွင်လည်း အများအပြား ပျောက်ဆုံးနေကြောင်း သိ၇သည်။

 

ဇီချွန်ပြည်နယ်သည် မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိပြီး ၂၀၀၈ ခုနှစ်ကလည်း ၎င်း ပြည်နယ်တွင်  ပြင်းအား အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့သည့်အတွက်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည်ဟု သိရှိ၇သည်။


Strong earthquake in southwest China kills 65


#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.