နိရဉ္စရာ၊ စက်တင်ဘာ၆/ ၂၀၂၂
အာဏာ၇ကွန်ဆာဗေးတစ်ပါတီမှ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သူ လစ်ဇ်ထရပ်စ်သည် ယနေ့တွင် ဗြိတိသျှဝန်ကြီးချုပ် တာဝန်ကို စတင်ထမ်းဆောင်ပြီဟု သိ၇သည်။
ယခင် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်နေရာတွင် ဆက်ခံရန် အာဏာ၇ကွန်ဆာဗေးတစ်ပါတီအတွင်း အဆင့်ဆင့် ရွေးချယ်ခဲ့ပြီးနောက် နောက်ဆုံးအဆင့်တွင် သူမသည် ပါတီခေါင်းဆောင်လည်း ဖြစ်လာသလို ဝန်ကြီးချုပ်လည်း ဖြစ်လာသည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြသည်။
ယခင်ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်၏ အငြင်းပွားဖွယ် လုပ်ရပ်တချို့နှင့် ဆုံးဖြတ်ချက်တချို့ကြောင့် သူ့အစိုး၇အတွင်းတွင် သဘောထား ကွဲပြားမှုများ ဖြစ်ပြီးနောက် သုံးနှစ်တာ တာဝန်ယူခဲ့သည့် မစ္စတာ ဂျွန်ဆင်သည် သူနုတ်ထွက်ပေးမည် ဇူလိုင်လတုန်းက ကြေညာခဲ့သည်။
၎င်းနောက် ကွန်ဆာဗေးတစ်ပါတီအတွင်း ပါတီခေါင်းဆောင် ရွေးချယ်ပွဲကို သီတင်း ၇ ပတ်ကြာ အဆင့်ဆင့် ကျင်းပခဲ့ပြီးနောက် အသက် ၄၇ နှစ်အရွယ် လစ်ဇ် ထရပ်စ်သည် ပါတီခေါင်းဆောင်နှင့်ဝန်ကြီးချုပ်အဖြစ် အရွေးခံ၇ခြင်းဖြစ်သည်။
ဗြိတိသျှသမိုင်းတွင် သူမသည် တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
( Photo by BBC)