Preview

နှစ်ပေါင်း ၇၀ ကျော်ကြာ နန်းစံခဲ့သော ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၂ သက်တော် ၉၆ နှစ်အရွယ်တွင် နတ်ရွာစံ

စက်တင်ဘာ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :5033
နိုင်ငံတကာ သတင်း
လန်ဒန်၊ စက်တင်ဘာ ရက် (ဆင်ဟွာ

 

ဗြိတိန်နိုင်ငံ၏ သမိုင်းကြောင်းတွင် နန်းသက်အရှည်ကြာဆုံး ဘုရင်မကြီး အဲလိဇဘက် သည် သက်တော် ၉၆ နှစ်အရွယ်၌ နတ်ရွာစံသွားပြီဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က စက်တင်ဘာ ရက်၌ ကြေညာခဲ့သည်။

 

ဘုရင်မကြီးက ဘယ်လ်မော်ရယ်စံအိမ်မှာ ဒီနေ့ (စက်တင်ဘာ ရက်) မွန်းလွဲပိုင်းမှာပဲ ငြိမ်းချမ်းစွာ နတ်ရွာစံသွားပါပြီဟု ဘက်ကင်ဟမ်နန်းတော်က ကြေညာချက်၌ ပြောကြားခဲ့သည်။

 

ဘုရင်နဲ့ ကြင်ယာတော်တို့ဟာ ဒီညနေပိုင်းအထိ ဘယ်လ်မော်ရယ်စံအိမ်မှာ ဆက်လက်ရှိနေမှာဖြစ်ပြီး မနက်ဖြန် (စက်တင်ဘာ ရက်) လန်ဒန်ကို ပြန်မှာဖြစ်ပါတယ်ဟု ယခုအခါ ဗြိတိန်နိုင်ငံ၏ ဘုရင်အသစ်ဖြစ်လာသော ဘုရင်မကြီး၏ သားတော် ချားလ်စ်မင်းသားအား ရည်ညွှန်းလျက် ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

 

ဘုရင်မကြီး နတ်ရွာစံကြောင်း ကြေညာပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူများသည် ဘုရင်မကြီးအား ဂါ၇၀ပြုရန် မိုးရွာသွန်းနေသည့်ကြားမှ လန်ဒန်မြို့ရှိ ဘက်ကင်ဟမ်နန်းတော် အပြင်ဘက်တွင် စုဝေးရောက်ရှိလာခဲ့သည်။

 

ဗြိတိန်နိုင်ငံအနေဖြင့် စက်တင်ဘာ ရက်မှစ၍ ကြေကွဲဝမ်းနည်းဖွယ်ကာလ ၁၀ ရက်အဖြစ် တရားဝင်သတ်မှတ်သွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.