နိရဉ္စရာ၊အောက်တိုဘာ ၂/၂၀၂၂
အင်ဒိုနီးရှားနိုင်ငံက နာမည်ကျော်လိဒ်ဘောလုံးပွဲတစ်ခုအတွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် လူပေါင်း ၁၂၉ ဦးသေဆုံးပြီး ၁၈၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိ၇သည်။
ယနေ့တနင်္ဂနွေ နံနက်တွင် ရရှိခဲ့သည့် နောက်ဆုံးသတင်းများအရ သေဆုံးသူအရေအတွက်မှာ ၁၂၉ အထိရှိသွားခဲ့ပြီဖြစ်ကြောင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်၇သူက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံအရှေ့ဂျာဗားပြည်နယ်မှာအောက်တိုဘာ ၁ ရက်နေ့က ကန်ခဲ့ကြသည့် ဘောလုံးပွဲတစ်ပွဲ တစ်ခုတွင် အိမ်ရှင်အသင်း ရှုံးနိမ့်ရာမှရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး လူအုပ်လိုက်ပြုံတိုးရာမှ ယခုလိုသေဆုံးခဲ့ကြ၇ခြင်းဖြစ်ကြောင်းသတင်းများတွင်ဖော်ပြသည်။
အိမ်ရှင်Arema FC အသင်းက ပြိုင်ဘက် Persebaya Surabaya ကို ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုအပေါ် မကျေနပ်သည့် Arema FC အသင်း ပရိသတ်များသည် ဘောလုံးကွင်းအတွင်းသို့ ဝင်ရောက်လာမှ အဓိကရုဏ်းနှင့် ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ပေါ်လာခြင်းဖြစ်ပြီး လူအုပ်ပြိုကျကာ သေဆုံးမှုဖြစ်ခဲ့သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဆိုသည်။
ရဲတပ်ဖွဲ့ကမျက်ရည်ယိုဗုံးများဖြင့် ထိန်းသိမ်းပစ်ခတ်ခဲ့ရာ အခြေအနေမှာ ပိုပြီး ကသောင်းကနင်းဖြစ်သွားခဲ့ကာ အကြမ်းဖက်မှု၊ အဓိကရုဏ်းလူအုပ်ပြိုကျမှုဖြစ်ပွားခဲ့သည်။
လူအများအပြားသည် ထွက်ပေါက်တစ်ခုဆီသို့ပြေးသွားကြစဉ် တစ်ဦးအပေါ် တစ်ဦးနင်းမိပြီးသေဆုံးသလို အသက်ရှူကျပ်ကာ သေသွားခဲ့ကြသည်ဟု အင်ဒိုနီးရှား အာဏာပိုင်တစ်ဦးက ပြောကြားသည်။
အင်ဒိုနီးရှားတွင် ပြုလုပ်မည့် ဘောလုံးပြိုင်ပွဲများ၏ အန္တရာယ်ကင်းရှင်းရေးကို အာဏာပိုင်များက ပြန်လည်ထည့်တွက်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အားကစားဝန်ကြီးဇိန်နူဒင် အာမာလီက ပြောကြားသည်။