စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဆိုင်ကလုန်းမုန်တိုင်းကြောင် ကော့စ်ဘဇားကမ်းခြေမြေနိမ့်ပိုင်းမှ လူပေါင်း ၂၅၀၀၀ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း၊


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 903

(ဆိုးရွားသော ရာသီဥတုကြောင့် ဘင်္ဂလားပင်လယ်အော်တွင် ငါးဖမ်းသင်္ဘော ၁၃ စင်း နစ်မြုပ်)

နိရဉ္စရာ၊ အောက်တိုဘာ ၂၅/ ၂၀၂၂

ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော "စီတရန် (SITRANG)” ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်သို့ ဦးတည် တိုက်ခတ်လာသဖြင့် တနင်္လာနေ့ ညနေ ၆ နာရီအထိ ဆိုင်ကလုန်းမုန်တိုင်း ခိုလှုံရာ စခန်းများသို့ ကော့စ်ဘဇားကမ်းရိုးတန်းမှ လူပေါင်း ၂၈၁၅၅ ဦးနှင့် နွား ၂၇၃၆ ကောင်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း  Dhaka Tribune က သတင်းဖော်ပြသည်။

ဆိုင်ကလုန်း Sitrang သည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဦးတည် လာနေသောကြောင့် ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၅၇၆ ခု ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ လိုအပ်ပါက အနီးနားရှိ စာသင်ကျောင်းများအား ခိုလှုံမည့် အမိုးအကာအဖြစ် အသုံးပြုရန်အတွက် အဆင်သင့်ပြင်ဆင်ထားကြောင်း၊ လူများကို အမိုးအကာများအောက်  ရွှေ့ပြောင်းပြီး အသက်နှင့် ပစ္စည်းများကို ကာကွယ်ဖို့ လုပ်ဆောင်နေကြောင်း ကော့စ်ဘဇားခရိုင် ၏ လက်ထောက်ကော်မရှင်နာ Mamunur Rashid က ပြောသည်။

ဒုတိယကော်မရှင်နာက လူအားလုံး၏ အသိပညာပေးခြင်းသည် ပျက်စီးမှုအန္တရာယ်ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း နှင့် ဘေးလွတ်ရာသို့ ရောက်အောင် ကူညီကြရန် လူတိုင်းကို တိုက်တွန်းခဲ့သည်။

တနင်္ဂနွေနေ့မွန်းလွဲပိုင်းအစောပိုင်းတွင် Cox's Bazar ခရိုင်အုပ်ချုပ်ရေးသည် ဆိုင်ကလုန်း မုန်တိုင်း စီတရန်ကို ကိုင်တွယ်ရန် ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မုန်တိုင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ပါက လူ ၆၀၅,၂၇၅ ဦး နေထိုင်နိုင်သည့် အာဏာပိုင်များက အမိုးအကာ ၅၇၆ ခုကိုလည်း ပြင်ဆင်ထားသကြောင်း၊  ၎င်းအပြင် အရေးပေါ်အခြေအနေအတွက် ဆေးအဖွဲ့ ၁၀၄ ဖွဲ့လည်း အသင့်အနေအထားရှိနေကြောင်း၊  နောက်ထပ် ဆန် ၃၂၃ တန်၊ တာငွေကျပ် ၈ သိန်းကျော်၊ ရိက္ခာခြောက် ၁၁၉၈ ထုပ်၊ ကိတ်မုန့်ခြောက်ပုံး ၃၅၀ နှင့် အစာချေဘီစကွတ်ပုံး ၄၀၀ တို့ကို ကိုလည်း ဂိုဒေါင်တွင် အသင့် သိမ်းဆည်းထားကြောင်း ပြောဆိုသည်။သည်။

အရေးပေါ်ကြိုတင်ပြင်ဆင်မှုအစည်းအဝေးတစ်ခုတွင် လက်ထောက် ခရိုင်ကော်မရှင်နာMamunur Rashid သည် မြို့နယ်တိုင်းရှိ အရာရှိများအား မုန်တိုင်းမတိုက်မီ လူများကိုခိုလှုံရာနေရာများသို့ ခေါ်ဆောင်ရန်ညွှန်ကြားခဲ့သည်။

တိုက်နယ်အဆင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်များနှင့် ဆိုင်ကလုန်းလွန်ကာလများအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစားအသောက်နှင့် သောက်သုံးရေ လုံလောက်စွာ ထားရှိရန်၊ မီးသတ်ဝန်ဆောင်မှုများ၊ လူနာတင်ယာဉ်များနှင့် စေတနာ့ဝန်ထမ်းများအား ပြင်ဆင်ထားရှိရန် ညွှန်ကြားထားသည်။

တစ်ချိန်တည်းမှာပင် ကမ်းရိုးတန်း၏ အန္တရာယ်ရှိသော တာတမံများကို အနီးကပ် စောင့်ကြည့်ထိန်းသိမ်းရန် လိုအပ်သော အစီအမံများ ဆောင်ရွက်ရန် ညွှန်ကြားထားဟု ဆိုသည်။

ကော့ဘဇားခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အရာရှိ Jahangir Alam က လုံလောက်သော စေတနာ့ဝန်ထမ်း အဖွဲ့များ၊ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်၊ ရေတပ် ရဲတပ်ဖွဲ့၊ CPP အဖွဲ့ဝင် ၈,၆၀၀၊ ဘင်္ဂလားဒေ့ရှ် လခြမ်းနီအသင်းမှ စေတနာ့ဝန်ထမ်း ၂,၂၀၀ တို့သည် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်သောကြောင့် အရေးပေါ် အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်ထားကြောင်း ပြောဆိုသည်။

မုန်တိုင်းခိုစင်တာ အဆောက်အဦးများတွင် ဖြစ်နိုင်ခြေရှိသော ဘေးလွတ်ရာ ရွှေ့ပြောင်းသူများအတွက် အစားအစာခြောက်နှင့် ရေသန့်များ စီစဉ်ပေးထားသည်ဟုသိရသည်။  

အမျိုးသမီး၊ အမျိုးသား၊ ကိုယ်ဝန်ဆောင်၊ ကလေးနှင့် မသန်စွမ်းသူများအတွက် သီးခြားအစီအစဉ်များ ကိုလည်း ပြုလုပ်ထားသည်။

ကော့ဘဇားခရိုင်၊ ကက်ကနက်မြို့နယ်ရှိ  စိန့်မာတင်ကျွန်း (အုန်းကျွန်း) အနီးရှိ ဘင်္ဂလားပင်လယ်အော်တွင် ဆိုးရွားလှသော ဆိုင်ကလုန်းကြောင့် ကမ်းလွန်ငါးဖမ်းသင်္ဘော ၁၃ စီး နစ်မြုပ်ခဲ့သည်ဟု UNB က ဖော်ပြသည်။

စိန့်မာတင် (အုန်းကျွန်း) သမဂ္ဂဥက္ကဋ္ဌ Mojibur Rahman ကလည်း ယမန်နေ့  ၁၁ နာရီခန့်တွင် ပင်လယ်အော်အတွင်း ကမ်းဝေးငါးဖမ်းသင်္ဘော ၁၃ စင်း နစ်မြုပ်ခဲ့ပြီး ငါးဖမ်းသင်္ဘောခုနစ်စင်း၏ တည်နေရာကို ခြေရာခံနိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

သို့သော် လူအများအပြား ကမ်းပေါ်ကူးခတ်နိုင်ခဲ့သော်လည်း ဖြစ်စဉ်ကြောင့် လူမည်မျှ ပျောက်ဆုံးသွားသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်၊ ကမ်းရိုးတန်းဒေသများတွင်နေထိုင်ရန်နေရာထားရှိရန် ဆိုင်ကလုန်းစင်တာ ၅၇၆ ခုဖွင့်လှစ်ထားသောကြောင့် ခရိုင်၏ကမ်းရိုးတန်းဒေသများမှ လူ ၁၁,၅၀၀ ကို ရွှေ့ပြောင်းရန် ကြိုးပမ်းမှုတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှ ဘေးလွတ်ရာရွှေ့ပြောင်းခြင်းလုပ်ငန်းကို စတင်ခဲ့ကြောင်း ကော့စ်ဘဇားခရိုင်လက်ထောက်ကော်မရှင်နာ Mamunur Rashid ကပြောသည်။

Cyclone Sitrang: People being evacuated from Cox's Bazar coast/ Dhaka Tribune)

Thirteen trawlers sank in the Bay of Bengal off Saint Martin's island due to the inclement weather triggered by Cyclone Sitrang

ဆက်စပ် သတင်းများ