စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တောင်ကိုရီးယား ညပါတီပျော်ပွှဲရွှင်ပွဲတစ်ခုတွင်လူအုပ်ပိပြီး နိုင်ငံခြားသား ၁၉ ဦးအပါအအဝင် လူပေါင်း ၁၅၁ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 582

နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၂ (နိုင်ငံတကာ)

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းကျင်းပခဲ့သော ပျော်ပွှဲရွှင်ပွဲ ပါတီပွဲတစ်ခုတွင် လူအုပ်ပိပြီး နိုင်ငံခြားသား ၁၉ ဦးအပါအဝင် လူပေါင်း  ၁၅၁ ဦးသေဆုံးခဲ့ပြီး အများစုမှာ ဆယ်ကျော်သက်အရွယ် လူငယ်များဖြစ်ကြောင်း Reuters  တွင် သတင်းဖော်ပြသည်။

ဖြစ်စဉ်သည် စနေနေ့ ည ၁၀:၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသား ၁၉ ဦး အပါအဝင် သေဆုံးသူ ၁၅၁ ဦးကို အတည်ပြုနိုင်ခဲ့ကြောင်း ဆိုးမြို့ရှိ Yongsan မီးသတ်စခန်း အကြီးအကဲ Choi Sung-beom က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာနေရာ၌ လူ ၈၂ ဦး ဒဏ်ရာရခဲ့ပြီး ၁၉ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက အခင်းဖြစ်ပွားရာနေရာ၌ ရှင်းလင်းပြောကြားသည်။

သေဆုံးသူအများစုမှာ အသက်၂၀အရွယ် အမျိုးသမီးများဖြစ်ပြီး သေဆုံးသူနိုင်ငံခြားသားများထဲတွင် တရုတ်၊ အီရန်၊ ဥဇဘက်ကစ္စတန်နှင့် နော်ဝေးတို့မှ ပါဝင်ကြောင်း ကိုရီးယားတာဝန်ရှိသူများက ပြောသည်။

စနေနေ့ ညနေပိုင်းက ိုးလ်မြို့၏ ပြည်ပခရီးသွားများ လာရောက်လည်ပတ်သည့် Itaewon တွင် Halloween ပါတီ ပျော်ပွှဲရွှင်ပွဲ လာရောက်သူ အလွန်များပြားပြီး  ပါတီပွဲလာသူအများစုသည် မျက်နှာဖုံးများနှင့် Halloween ဝတ်စုံများကို ၀တ်ဆင်ထားကြကာ  ဉ့်ပိုနက်လာသည်နှင့်အမျှ လူစုလူဝေးသည် ပို၍ရမ်းကားလာပြီး လူအုပ်ပြိုကာ တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက် ဖြစ်ပျက်သွားခဲ့သည်ဟု မျက်မြင်သက်သေအချို့က ဖော်ပြသည်။

လက်ရှိတွင် တောင်ကိုရီးယားအစိုးရက နိုင်ငံတစ်ဝန်းမှ ကူညီကယ်ဆယ်ရေးသမားများဖြင့် အရေးပေါ် ကုသပေးမှုများ လုပ်ဆောင်နေပြီး သေဆုံးသည့်အရေအတွက်မှာလည်း ထပ်မံတိုးလာဖွယ် ရှိနေသိရသည်။

ဆိုးလ်မြို့တွင် ယခုကဲ့သို့  လူပေါင်း ၁၅၁ ဦး သေဆုံးခဲ့သည့် ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် တနင်္ဂနွေနေ့ကို နိုင်ငံလုံးဆိုင်ရာဝမ်းနည်းပူဆွေးခြင်းရက် အဖြစ် တောင်ကိုရီးယားသမ္မတ Yoon Suk-yeol က ကြေညာခဲ့သည်။

ဒါဟာ တကယ့်ကို ကြေကွဲစရာပါပဲဟု သမ္မတ၏ ုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Itaewon တွင် Halloween ပါတီ ပျော်ပွှဲရွှင်ပွဲသည် ယမန်နေ့က "ပုံမှန်ထက် အနည်းဆုံး ၁၀ ဆကျော် စည်ကားခဲ့ပါတယ်" ဟု  Reuters သတင်းတွင် ဖော်ပြထားသည်။  

 South Korea declares mourning period after Halloween crush kills 151ကိုးကားရေးသားသည်။

ဆက်စပ် သတင်းများ