Preview

အင်ဒိုနီးရှား ငလျင်ကြောင့် လူ ၅၆ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး

နိုဝင်ဘာ ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :2245
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၂၁ (နိုင်ငံတကာ)

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်မှာ ဒီကနေ့ ညနေပိုင်းမှာ  ပြင်းအား ၅.၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာကြောင့်လူ ၅၆ ဦးသေဆုံးပြီး ၇၀၀ အထိ ဒဏ်ရာရရှိခဲ့ကာ အိမ်တွေအများအပြားလည်း ပျက်စီးကုန်တယ်လို့နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီငလျင်ဟာမြို့တော်ဂျကာတာရဲ့ အရှေ့တောင်ဘက်၇၅ ကီလိုမီတာအကွာရှိ Cianjur မြို့ကို  ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အနောက်ဂျာဗားအုပ်ချုပ်ရေးမှူးRidwan Kamil သည် ငလျင်ကြောင့် သေဆုံးသူ ၅၆ ဦးရှိတယ်လို့  အတည်ပြုခဲ့ပြီး မြို့တော် ဂျကာတာ၏ အရှေ့တောင်ဘက်၇၅ ကီလိုမီတာအကွာရှိ Cianjur မြို့တွင် ဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့တာလို့ဆိုပါတယ်။

အမျိုးသားသဘာ၀ ဘေးအန္တရာယ်ေဂျင်စီ(BNPB) ကလူပေါင်း ၇၀၀ အထိ ဒဏ်ရာ၇ခဲ့ပြီး နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေဟာ  အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့အတွက် ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။

ငလျင်ဟာ ြေအောက်အနက် ၁၀ ကီမီတာမှာ လှုပ်ခတ်ခဲ့ပြီး  ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကိုလောလောဆယ် မပြောဆိုနိုင်ဘူးလို့  မသိရှိ၇သေးဘူးလို့  ပြောကြားခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ချိန်မှာ  "ကြီးမားသောတုန်ခါမှု"ကိုခံစားခဲ့၇ပြီး ၎င်းတိုရဲ့ ရုံးခန်းအဆောက်အအုံရဲ့ နံရံများတွေနဲ့  မျက်နှာကျက်တွေ  ပျက်စီးသွားခဲ့တယ်လို့ ရုံးဝန်ထမ်းတစ်ဦးကပြောတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

 

Photo-New Straits Times

Indonesia quake kills 56, destroys homes/ Reuters

#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.