Preview

အာဖဂန်အမျိုးသမီးဝန်ထမ်းများ NGO များတွင် တာဝန်ထမ်းဆောင်ခွင့် တာလီဘန်က ပိတ်ပင်လိုက်ပြီးနောက် အာဖဂန်ရှိ NGO များ လုပ်ငန်း ဆောင်ရွက်မှု ရပ်ဆိုင်း

ဒီဇင်ဘာ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :6585
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၆/ ၂၀၂၂

တာလီဘန်အစိုး၇ဟာ အာဖဂန်အမျိုးသမီးဝန်ထမ်းတွေ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်း NGO တွေမှာ အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်ပြီးတဲ့နောက် အာဖဂန်မှာ ရှိတဲ့ Save the Children အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းလေးခုက လူသားချင်း အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအားလုံး ရပ်ဆိုင်းလိုက်ပြီလို့ သိ၇တယ်။

အာဖဂန် တာလီဘန်အစိုး၇ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အာဖဂန်အမျိုးသမီး တွေဟာ သူတို့ ချမှတ်ထားတဲ့ အစ္စလာမ်ထုံးတမ်းစဉ်လာ ဝတ်စားဆင်ယင်မှုကို မလိုက်နာတဲ့အတွက် ပြီးခဲ့တဲ့စနေနေ့က အမိန့်တစ်ရပ်ထုတ်ပြန်ပြီး NGO တွေမှာ တာဝန်မထမ်းဆောင်၇ လို့ တားမြစ်လိုက်တာ ဖြစ်တယ်။

 နိုင်ငံတကာအဖွဲ့အစည်း သုံးခုဖြစ်တဲ့ Save the Children, Norwegian refugees Council, Care International တို့က တာလီဘန်အစိုးရရဲ့ နောက်ထပ် ရှင်းလင်းချက် ထွက်ပေါ် မလာမချင်း လုပ်ငန်းအားလုံးရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တယ်။

 “ အမျိုးသမီးဝန်ထမ်းတွေ မရှိဘဲ အကူအညီလိုအပ်နေကြတဲ့ အာဖဂန် ကလေးသူငယ်၊ အမျိုးသမီး၊ အမျိုးသားတွေဆီ အကူအညီရောက်ရှိဖို့ မဖြစ်နိုင်တော့ဘူး” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ နိုင်ငံတကာ အကူအညီပေးရေးကော်မတီ IRC, International Rescue Committee ကလည်း သီးခြားကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး လုပ်ငန်းအားလုံး ရပ်ဆိုင်းထားမယ်လို့ဆိုတယ်။ IRC ဟာ အာဖဂန်မှာ ဝန်ထမ်း ပေါင်း ၈၀၀၀ကျော်ရှိပြီး အဲဒီအထဲက ၃၀၀၀ ကျော်ဟာ အမျိုးသမီးတွေ ဖြစ်တယ်။

 အာဖဂန်နစ္စတန် လူဦးရေ ထက်ဝက်ကျော်ဟာ နိုင်ငံတကာအေဂျင်စီတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေ၇ပြီး ခုလိုအကူညီပေးရေးဆောင်ရွက်ချက်တွေ ရပ်တန့်လိုက်၇တဲ့အတွက် ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ဆိုတယ်

 NGO တွေမှာ အာဖဂန်အမျိုးသမီးဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ခွင့်ပိတ်လိုက်တာဟာ ပြီးခဲ့တဲ့အပတ်က တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းသူအမျိုးသမီးတွေ ပညာသင်ကြားခွင့် ပိတ်ပင်အပြီး ထပ်မံထွက်ပေါ်လာတဲ့ တာလီဘန်အစိုးရရဲ့ အမိန့်တစ်ရပ်ဖြစ်တယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လ၊ အမေရိကန်ဦးဆောင်တဲ့ တပ်တွေ ရုပ်သိမ်းသွားပြီး အစွန်းရောက် တာလီဘန်တွေ ပြန်လည်ထိန်းချုပ်လိုက်ချိန်ကစလို့ အာဖဂန်နစ္စတန်မှာ တင်းကြပ်တဲ့ အစ္စလာမ်ဥပဒေတွေကို ပြဌာန်းပြီး အုပ်ချုပ်လာနေတာ ဖြစ်ပါတယ်။

 

NN 27

ref:CNA

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.