Preview

ဘင်္ဂလားဒေ့ရှ် ပထမဦးဆုံး မြေအောက်ရထားလမ်း စတင်ဖွင့်လှစ်

ဒီဇင်ဘာ ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :10075
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ဒီဇင်ဘာ၂၉/၂၀၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဦးဆုံး မြေအောက်၇ထားလမ်းကို ဒီဇင်ဘာ(၂၈)ရက်မှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးလိုက်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ရှိတ်ဟာဆီနာနဲ့အတူအသစ်ခန့်အပ်လိုက်တဲ့ ဂျပန်သံအမတ်သစ် ကီရိုနီအီဝါးမားနဲ့ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ကိုယ်စားလှယ် အီချီဂူချီတိုမိုဟီဒီတို့လည်း တက်ရောက်ခဲ့တယ်။

ဒီအခမ်းအနားနဲ့အတူ လွန်ခဲ့တဲ့ ၀၁၆ခုနှစ်က အစ္စလာမ်အစွန်းရောက်သေနတ်သမားတစ်စုရဲ့ လက်ချက်နဲ့ သက်သေဆုံးသွားခဲ့ကြတဲ့ ဂျပန်မီး၇ထားအင်ဂျင်နီယာ()ဦး အတွက် အောက်မေ့ဖွယ်အမှတ်တ၇ အစီအစဉ်ကို ပါဟာဆီနာက ပြုလုပ်သွားခဲ့တယ်။

ဂျပန်၇ထားအင်ဂျင်နီယာ ()ဦးဟာ ဒက္ကာမြို့ကော်ဖီဆိုင်မှာ ထိုင်နေတုန်းပစ်ခတ် ခံ၇တာဖြစ်ပြီး စုစုပေါင်း ၂၉ ဦးသေဆုံးခဲ့တယ်။

 “ ဒီနေ့ဟာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုသ၇ဖူပေါ်မှာ တောင်ပံတစ်ခု ထပ်ဆောင်းပေးတာ ဖြစ်တယ်” လို ရှိတ်ဟာဆီနာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း ပါဒမာမြစ်ကို ဖြတ်သန်းသွားတဲ့ ()မိုင်ကျော် ရှည်လျားတဲ့ တံတားသစ် တစ်စင်းကိုဖွင့်လှစ်နိုင်ခဲ့တယ်။ ဒေါ်လာ (.)ဘီလျံ ကုန်ကျတဲ့ အဲဒီတံတားကို တရုတ်နိုင်ငံ အကူအညီနဲ့ တည်ဆောက်ခဲ့တာဖြစ်တယ်။ 

 အခု ဖွင့်လှစ်လိုက်တဲ့ မြေအောက်မီး၇ထားလမ်းကိုတော့ ဂျပန်နိုင်ငံ(JICA)ရဲ့ အကူအညီနဲ့ ဖောက်လုပ်ခဲ့တာဖြစ်ပြီးကုန်ကျငွေဒေါ်လာ (.ရှိတယ်လို့ သိ၇တယ်။ 

 ဒီမြေအောက် မီး၇ထားလမ်းဟာ ဒက္ကာမြို့လယ်အဓိကကျတဲ့နေရာကို ဆက်သွယ်ထားပြီး တစ်နာရီကို ခရီးသည် ၆၀၀၀၀ သယ်ယူပို့ဆောင်နိုင်မယ်လို့ သိ၇တယ်။ လူဦးရေထူထပ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဒက္ကာမြို့ဟာ လူဦးရေ သန်း ၂၀ ကျော် နေထိုင်တဲ့ လူနေအထူထပ်ဆုံးမြို့ကြီးတစ်မြို့ဖြစ်တယ်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအဆောက်အအုံတွေကို တရုတ် နဲ့ ဂျပန်က အဓိက အကူအညီပေး တည်ဆောက်နေပြီး ဘင်္ဂလားဒေ့ရှ်အနေနဲ့ လာမယ့် ၂၀၂၆ မှာ ဖွံ့ဖြိုးမှုအနည်းဆုံး အဆင့်ကနေ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်(WTO ညွှန်းကိန်းအ၇) ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ သိ၇တယ်။ 

 

NN-27


(Photo by Dhaka Tribune)

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.