သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တရုတ်ဂျက်တိုက်လေယာဉ်တစ်စင်း အမေရိကန်စစ်လေယာဉ်အနီး ၉ပေကွာ အထိ ချဉ်းကပ်ပျံသန်းခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

နိရဉ္စရာ၊ ဒီဇင်ဘာ-၃၀/၂၀၂၂

 

ပြီးခဲ့တဲ့အပတ်က တရုတ်တိုက်လေယာဉ်တစ်စင်းဟာ တောင်တရုတ်ပင်လယ်ပေါ် ပျံသန်းနေတဲ့ အမေရိကန်စစ်လေယာဉ် တစ်စင်းအနီးကို ၃မီတာ(၉ပေ)ကွာအထိ ချဉ်းကပ်လာခဲ့ယ်လို့ အမေရိကန်လေတပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

 

အငြင်းပွားနေဆဲ တောင်တရုတ်ပင်လယ်ပြင်ပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဆိုပါဖြစ်ရပ်မှာ အမေရိကန်စစ်လေယာဉ်က ဝေဟင်ပေါ်မှာ တိုးတိုက်မှု မဖြစ်အောင် ရှောင်ရှားပျံသန်း ခဲ့ရတယ်လို့ဆိုတယ်။ 

 

တောင်တရုတ်ပင်လယ်ပေါ်မှာ တရုတ်လေတပ်ရဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေ တွေ တိုးပွားလာနေတယ်လို့အမေရိကန်က ပြောဆိုခဲ့ပြီးနောက်မှာ ခုလိုကြုံတွေ့ရတာဖြစ်တယ်။ 

 

တရုတ်လေတပ်ရဲ့ J-11 တိုက်လေယာဉ်နဲ့ အမေရိကန်လေတပ်ရဲ့ RC-135 လေယာဉ်တို့ ဒီဇင်ဘာ-၂၁ရက်မှာထိပ်တိုက်တွေ့ခဲ့တယ်လို့ အမေရိကန်လေတပ်က ကြေညာပါတယ်။ 

 

အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ရဲ့ ပြောကြားချက်အရ တရုတ်တိုက်လေယာဉ်ဟာ အမေရိကန်စစ်လေယာဉ် အနီး  ပေ အကွာထိ ချဉ်းကပ်လာခဲ့လို့ မတိုက်မိအောင် ရှောင်တိမ်းခဲ့ရတယ်လို့ဆိုတယ်။ 

ခုကိစ္စနဲ့ပတ်သက်ပြီး ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးက တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ အရင်ကတည်းက အမေရိကန် စစ်သင်္ဘော နဲ့ စစ်လေယာဉ်တွေ အဆိုပါဒေသမှာ ကင်းလှည့်သွားလာနေတာဟာငြိမ်းချမ်းရေးအတွက် မကောင်းဘူးလို့ ပြောထားတယ်။

 

ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံများနဲ့ ထိစပ်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်ကို တရုတ်အစိုးရက သူတို့ပိုင်နက်အဖြစ်ကြေညာထားတယ်။ 

 

NN-27

Ref: CNA

ဆက်စပ် သတင်းများ