နိရဉ္စရာ၊ ဇန်နဝါရီ ၂/ ၂၀၂၃ ( နိုင်ငံတကာ)
ကမ္ဘောဒီးယား နဲ့ ထိုင်းနိုင်ငံ နယ်စပ်အနီး ပွိုင်ပက်မြို့က ကာစီနိုရုံတစ်ခုမှာ ဒီဇင်ဘာ(၃၁)ရက် မနက်စောစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူပေါင်း(၂၆)ဦး သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ကမ္ဘောဒီးယား အာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဆိုးရွားတဲ့ မီးလောင်မှုကြောင့် သေဆုံးသူအများအပြားရဲ့ ရုပ်အလောင်းတွေကို လှေခါးများနဲ့ ပိတ်လှောင်နေတဲ့ အခန်းတွင်းမှာ တွေ့မြင်ကြ၇တယ်လို့ဆိုတယ်။
မီးလောင်မှုဟာ ဝါယာရှော့ ဖြစ်ရာက စတင်ခဲ့တယ်လို့ ကမ္ဘောဒီးယာ ဘေးအန္တရာယ်ကယ်ဆယ်ရေးစီမံခန့်ခွဲရေး ဒုဥက္ကဋ္ဌ ခွန်ကင်းမ် ကဆိုတယ်။ သေဆုံးသူ ၂၆ဦးမှာ ထိုင်း ၁၇၊ မလေး ၁ဦး နဲ့ နီပေါလ် ၁ဦး ပါဝင်တယ်လို့ သူကပြောပါတယ်။
ဒီဇင်ဘာလ(၃၁)ရက် နံနက် စောစောပိုင်းက ပွိုင်ပက်မြို့ဂရင်းဒိုင်းမွန်း ဟိုတယ်နဲ့ ကာစီနိုရုံ မှာ ရုတ်တရက်မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး မီးဟာ အထပ်များစွာရှိတဲ့ ကာစီနိုရုံထဲ ကူးစက်ခဲ့ပြီးနောက်မှာ ပိတ်မိနေသူတွေဟာ တချို့မီးလောင်ကျွမ်းခံ၇ပြီးတချို့က အောက်စီဂျင်ပြတ် သေဆုံးခဲ့၇တယ်လို့ဆိုတယ်။
ထိုင်းအာဏာပိုင်များရဲ့ အဆိုအ၇ ဒဏ်ရာရှိသူ ၅၀ ကျော်ကို နီးစပ်ရာ ဆေးရုံတင်ထား၇ပြီး၁၃ ဦးရဲ့ အခြေအနေက စိုးရိမ်၇တယ်လို့ သိ၇တယ်။
ပွိုင်ပက်မြို့ဟာ ထိုင်းနိုင်ငံနယ်စပ်အနီးမှာတည်ရှိတဲ့ ကမ္ဘောဒီးယားမြိုတစ်မြို့ဖြစ်ပြီး ကာစီနိုလောင်းကစားရုံများ၊ ဟိုတယ်များနဲ့ စည်ကားတဲ့ မြို့တစ်မြို့ဖြစ်တယ်။