Preview

မြောက်ကိုးရီးယား နံပါတ်(၂) အာဏာအရှိဆုံး စစ်ဘက်အကြီးအကဲကို ကင်ဂျုံအန် ထုတ်ပယ်

ဇန်နဝါရီ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :10362
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ /၂၀၂၃ (နိုင်ငံတကာ) 

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် က နိုင်ငံရဲ့ ဒုတိယအာဏာအရှိဆုံး စစ်ဘက်ဆိုင်ရာအကြီးအကဲ 

ပက်ဂျုံချွန် ကို ရာထူးက ထုတ်ပယ်လိုက်ပြီလို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ကြေညာပါတယ် 

ဗဟိုစစ်ကော်မရှင် ဒု ဥက္ကဌ နဲ့ အာဏာ၇အလုပ်သမားပါတီ ဒု ဥက္ကဌ၊ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးပက် နေရာမှာ ရီယောင်ဂျီလ် နဲ့ အစားထိုး လိုက်ကြောင်း မြောက်ကိုးရီးယား KCNA သတင်းအေဂျင်စီကတနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဘာ့ကြောင့် ထုတ်ပယ်ပစ်လိုက်တယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။  နှစ်စဉ် နှစ်ကုန်ပိုင်းမှာ ကျင်းပလေ့ရှိတဲ့ ပါတီအစည်းအဝေးမှာ ခုလို ရာထူးအပြောင်းအလဲ နဲ့ အဓိက မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ရှိတယ်။ 
ဒီသတင်းကြေညာစဉ်
 နိုင်ငံပိုင်ရုပ်သံမှာ ပက် ကို ခေါင်းငုံ့လျှက် ပါတီရဲ့ မြင်တွေ့ရကြ၇ပြီး တခြားပါတီဝင်တွေက လက်ညှိုးထောင်ထောက်ခံနေတာ မြင်တွေ့ကြ၇တယ်။ နောက်တော့ သူထိုင်တဲ့ နေရာမှာ နေရာလပ်သွားတာ တွေ့မြင်၇တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားတယ်။ 

 နှစ်သစ်ကူးနေ့မှာ ကင်ဂျုံအန် နှစ်စဉ် သွားရောက်လေ့ရှိပြီး သူ့ ဖခင် နဲ့ အဖိုးရဲ့ ရုပ်ကလာပ်ထားရှိရာ နေမင်းနန်းတော် ခရီးစဉ်မှာလည်း ပက်ကို မတွေ့မြင်၇တော့ပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်း ကတော့ ပက်ကို ကင်ဂျုံအန်အနီးမှာ တွေ့မြင်ခဲ့ကြသေးတယ်။ 

 ကင်ဂျုံအန် ဦးဆောင်တဲ့ ပါတီဗဟိုစစ်ကော်မရှင်ဟာ မြောက်ကိုရီးယားမှာ အမြင့်ဆုံးစစ်ဘက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ဖြစ်တယ်။ 


 Ref: Reuter 

Photo: Internet

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.