နိရဉ္စရာ၊ ဇန်နဝါရီ ၄/၂၀၂၃
ယူကရိန်း ဒုံးကျည်လက်ချက်နဲ့ ရုရှားစစ်သည် ၈၅ ဦး သေဆုံးသွား၇တဲ့ တိုက်ခိုက်ခံ၇မှုမှာ အဓိကအကြောင်းအရာက ရုရှားစစ်သည်တွေ တရားမဝင် မိုဘိုင်းလ်ဖုန်း သုံးစွဲမှုကြောင့် ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူကရိန်းဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည် လေးစင်းဟာ ရုရှားက သိမ်းပိုက်ထားတဲ့ မာကိဗ်ကာမြို့၊ သက်မွေးဝမ်းကျောင်းကောလိပ်တစ်ခုပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အဲဒီကောလိပ်မှာစခန်းချနေတဲ့ ရုရှားစစ်သား အများအပြား သေဆုံးသွားခဲ့တယ်။
အစောပိုင်းတုန်းက စစ်သည် ၆၅ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ၈၅ဦး သေဆုံးတယ်လို့ ထုတ်ပြန်ခဲ့တယ်။
ဒီလိုစစ်သားအများအပြားသေဆုံး၇ခြင်းနဲ့ပတ်သက်ပြီး ရုရှားပြည်သူတွေအကြား ဆိုရှယ်မီဒီယာပေါ်မှာဝေဖန်ပြစ်တင်မှုတွေ မြင့်တက်နေပြီးသမ္မတပူတင်ထက် ကာကွယ်ရေးဝန်ကြီးဌာနအပေါ် အပြစ်ပုံချနေခဲ့ကြတယ်။
ဆိုရှယ်မီဒီယာမှာတော့ သေဆုံးတဲ့ ရုရှားစစ်သည်အရေအတွက်ဟာ တစ်ရာကျော်တယ်လို့ ဆိုတယ်။
ခုလိုဝေဖန်မှု မြင့်တက်လာချိန်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒါဟာ စစ်သည်တချို့ရဲ့ တရားမဝင်မိုဘိုင်းလ် ဖုန်း သုံးစွဲမှုကြောင့် ဖြစ်ပြီး မိုဘိုင်းဖုန်းကို ခြေရာခံပြီး ယူကရိန်းဒုံးကျည်တွေက ပစ်မှတ်ကို တိုက်ခိုက်နိုင်ခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့တယ်။
ပြီးခဲ့တဲ့အပတ် ယူကရိန်းဒုံးကျည် ပစ်ခတ်ခံ၇မှုဟာ ရုရှားတွေအတွက် ကြီးမားတဲ့ ထိခိုက်မှုဖြစ်ပြီး ပြင်းထန်တဲ့ လက်တုန့်ပြန်မှုတွေ ဖြစ်လာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်းစကီးက သတိပေးထားတယ်။
(NN-27)