Preview

မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးနေတဲ့ အဓိကကြားခံနေရာဟာ စင်ကာပူဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက် မဟုတ်မှန် လို့ ငြင်းဆို

ဇန်နဝါရီ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :8847
နိုင်ငံတကာ သတင်း
နိရဉ္စရာ၊ ဇန်နဝါရီ ၁၉/၂၀၂၃

 

စင်္ကာပူနိုင်ငံဟာ မြန်မာစစ်အစိုး၇အတွက် လိုအပ်နေတဲ့ စစ်လက်နက်ပစ္စည်းများ နဲ့ စစ်လက်နက်ထုတ်လုပ်ရေး အထောက်အကူပစ္စည်းများကို ကြားခံလွှဲပြောင်းပေးနေတဲ့ မဟာဗျူဟာကြားခံနိုင်ငံတစ်ခုဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SACM) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စင်္ကာပူဟာ မြန်မာစစ်အစိုး၇လိုအပ်နေတဲ့ စစ်လက်နက်ပစ္စည်းများနဲ့ လက်နက်ထုတ်လုပ်ရာမှာ လိုအပ်တဲအထောက်အကူပြုပစ္စည်းတွေကို တစ်ဆင့်ကြားခံ လွှဲပြောင်းပေးရာ ဗဟိုအချက်အချာနေရာလို့ ဖော်ပြထားပါတယ်။ 

ဒီဖော်ပြချက်အစီရင်ခံစာနဲ့ ပတ်သက်လို့ စင်္ကာပူအစိုး၇ဟာ ဒီလိုလက်နက်ပစ္စည်းနဲ့ ပတ်သက်တဲ့အရာတွေကိုလွှဲပြောင်းပေးဖို့အာဏာပေးထားခြင်းမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်လိုက်ပါယ်။ 

ဒီအစီရင်ခံစာမှာ မြန်မာစစ်အစိုး၇ကို လက်နက်ပစ္စည်းအစိတ်အပိုင်းထောက်ပံ့မှုမှာ ဩစတြီးယား၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမနီ၊ ထိုင်ဝမ်၊ ဂျပန်၊ရုရှား၊ တောင်ကိုးရီးယား၊ အမေရိကန်ကုမ္ပဏီတွေပါဝင်နေကြတယ်လို့လည်း ဖော်ပြထားတယ်။ 

အခု အစီရင်ခံစာနဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက အသေးစိတ်လေ့လာစုံစမ်းသွားမှာဖြစ်ပြီးတွေ့ရှိချက်အ၇ ဒီဖြစ်စဉ်တွေဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်အာဏာမသိမ်းမီက အချက်အလက်တွေကို အခြေခံထားတာလို့ ဆိုတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကြတဲ့ အရပ်သားများနဲ့ စစ်တပ်အကြား ထိပ်တိုက်ရင်ဆိုင်အကြမ်းဖက်မှုတွေပေါ်ပေါက်ခဲ့ပြီး အရပ်သား အများအပြာသေဆုံးခဲ့၇တယ်။ 

စင်္ကာပူနိုင်ငံအနေနဲ့ ကုလသမဂ္ဂက ၂၀၂၁ခုနှစ်မှာ ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုဟန့်တား ပိတ်ဆို့ရေးဆုံးဖြတ်ချက်မှာ ထောက်ခံလက်မှတ် ရေးထိုးခဲ့ပြီး လိုက်နာ ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုတယ်။


(Photo  by AFP)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.