Preview

ယူကရိန်းအတွက် လက်နက်များ ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်သော်လည်း ဂျာမန်တိုက်ခိုက်ရေး တင့်ကားများ ပေးပို့ရေး မသေချာသေး

ဇန်နဝါရီ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :3899
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ၂၁/ ၂၀၂၃ (နိုင်ငံတကာ)

 

အနောက်အုပ်စုမဟာမိတ်နိုင်ငံများကယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ဆက်လက် ကူညီထောက်ပံ့ရန်ကတိပြုခဲ့ကြသော်လည်း ယူကရိန်းက အသည်းအသန် လိုအပ်နေသောဂျာမနီလုပ် တိုက်ပွဲဝင် တင့်ကားများ ပေးပို့ရေးအတွက်မူ တစ်စုံတစ်ရာဆုံးဖြတ်နိုင်ခြင်း မရှိသေးဟု သိ၇သည်။

 

ဂျာမနီနိုင်ငံရမ်စတိန်း လေတပ်ဌာနချုပ်၌ ပြုလုပ်သည့် မဟာမိတ်နိုင်ငံများ၏ အစည်းအဝေးအပြီးတွင်အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ် မိုက် မီလ်လေ က ယခုနှစ်အတွင်းကျူးကျော်သိမ်းပိုက်ခံထားရသည့် ယူကရိန်းနယ်မြေများမှ ရုရှားတပ်များကိုမောင်းထုတ်ရန် မဖြစ်နိုင်သေးဟုဆိုသည်။

 

ယူကရိန်းသည်လာမည့် နွေဦးတွင် ရုရှားတပ်များအား ထိုးစစ်ဆင်ရန်ပြင်ဆင်လျှက် ရှိပြီး အနောက်အုပ်စုမဟာမိတ်နိုင်ငံများမှ စစ်လက်နက်ပစ္စည်းအထောက်အပံ့များစွာ လိုအပ်နေသည်။

 

ရမ်စတိန်းအစည်းအဝေးတွင် အဓိက ဆွေးနွေးခဲ့ကြသည့်ကိစ္စမှာ ဂျာမနီလုပ် ဖျက်အားပြင်းLeopard -2 တင့်ကားများ ယူကရိန်းသို့ ပေးပိုးရေးကိစ္စဖြစ်သည်။ သို့သော် တင့်ကားပေးပို့ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်း မရှိခဲ့ပဲ ပုံမှန်လက်နက်ပစ္စည်းများဆက်လက်ထောက်ပံ့ရေးကိုသာ သဘောတူခဲ့ကြသည်။

 

အမေရိကန်သည်၎င်းတို့၏ Abrams တင့်ကားများ ယူကရိန်းသို့ ပေးပို့ခြင်းမပြုရန် ဆုံဖြတ်ချက်ကိုလည်း ဆုပ်ကိုင်ထားဆဲဖြစ်သည်။

 

ရုရှားကျူးကျော်မှု တစ်နှစ်ပြည့်တော့မည့် ယခုလိုအချိန်တွင် ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချမှတ်မှတ်နိုင်ခြင်းမှာ ယူကရိန်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့သည်။သမ္မတ ဇီလန်းစကီးသည် ဂျာမနီလုပ် တိုက်ခိုက်ရေး တင့်ကားများရရှိရေးကို အဆက်မပြတ်တောင်းဆိုလျှက်ရှိသည်။

 

ယခုအပတ်အတွင်း ယူကရိန်းနိုင်ငံ၊ ဒီနီပရို ရှိ လူနေရပ်ကွက်အတွင်းရုရှားတို့၏ဒုံးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်လူပေါင်း ၄၄ဦး သေဆုံးပြီး အမြောက်အများဒဏ်ရာ၇ခဲ့သည်။ (NN-27)

ref: reuter

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.