နိရဉ္စရာ၊ ဇန်နဝါရီ ၂၂/၂၀၂၃
တရုတ်နှစ်သစ်ကူး(ဇန်နဝါရီ ၂၁ ) ညပိုင်းက အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့တွင် သေနတ်သမား တစ်ဦးက ကပွဲခန်းမဆောင်တစ်ခုအတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လူ(၁၀) ဦး သေဆုံး သွားပြီး ၁၀ဦးကျော် ဒဏ်ရာရရှိသွားကြောင်း သိ၇သည်။
အခင်းဖြစ်ပွါးရာ နေရာမှာ လော့စ်အိန်ဂျယ်လိစ်မြို့ လယ်မှ (၆)မိုင်ကျော်သာဝေးသောတရုတ်လူမျိုးများနှင့် အာရှနိုင်ငံသား အများစုနေထိုင်ရာ မွန်တာရီပတ်ခ်မြို့ ဖြစ်သည်။
နှစ်စဉ် ကျင်းပနေကျ တရုတ်နှစ်သစ်ကူးပွဲတော်ကိုStar Ballroom dance studio ခန်းမအတွင်း လူအများအပြားဆင်နွှဲနေစဉ် အသက်(၇၂)နှစ်အရွယ် သေနတ်သမားက ကျည်အပြည့်ထည့်ထားသော ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်။
သေနတ်သမားကို ပစ်ခတ်မှု ဖြစ်ပွါးပြီး ၁၂နာရီ အကြာတွင် ရဲများက အဆိုပါနေရာမှ မိုင်၂၀ အကွာတွင် အသေဖမ်းဆီး၇မိခဲ့သည်။ အဖြူရောင် ဗင်ကားဖြင့် ထွက်ပြေးသွားသော သေနတ်သမား နောက်သို့ ၇ဲများလိုက်လာစဉ် သေနတ်သမားက မိမိကိုယ်မိမိ ပစ်သတ်အသေခံသွားခြင်းဖြစ်သည်။
မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပစ်ခတ်ခဲ့သည့်အကြောင်းကိုမူ မသိ၇သေးပေ။ အမေရိကန် ပြည်ထောင်စုတွင် ယခုကဲ့သို့ ပစ်ခတ်မှုမျိုး မကြာခဏ ဖြစ်ပေါ်လေ့ ရှိသည်။
နောက်ဆုံး ဖြစ်ပွါးခဲ့သည့် ပစ်ခတ်မှုမှာ ၂၀၂၂ခုနှစ်၊မေလကလည်း တက္ကဆက်ပြည်နယ် အူလ်ဗယ်ဒီတွင် ဖြစ်ပြီး သေနတ်သမားတစ်ဦး၏ လက်ချက်ကြောင့် ကျောင်းသား(၁၉)ဦး နှင့် ဆရာ နှစ်ဦးသေဆုံးခဲ့၇သည်။
(ပုံစာ) သေနတ်သမားစီးနင်းလာသည့် အဖြူရောင်ဗင်ကားတံခါးကို ဖွင့်ပြီး ရဲများက စစ်ဆေးနေစဉ်။ သေနတ်သမားကို ကားအတွင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးလျှက် တွေ့၇သည်။
NN27
Ref -CNA