ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ဗင်ကားတိမ်းမှောက်မှု ကလေးငယ်(၂)ဦးအပါအဝင် (၁၁)ဦး မီးလောင်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.4k

နိရဉ္စရာ၊ ဇန်နဝါရီ ၂၃/၂၀၂၃

 

တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း ထိုင်းနိုင်ငံအလယ်ပိုင်းတွင် ခရီးသည်တင် ဗင်ကားတစ်စီး တိမ်းမှောက် မီးလောင်ခဲ့ရာ ကလေးငယ်()ဦးအပါအဝင် ခရီးသည်(၁၁)ဦး သေဆုံးသွားကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ 

 

ထိုင်းငံအရှေ့မြောက်ပိုင်း အမ်နတ် ချာရီယွန် မှ ဘန်ကောက်မြို့သို့ ခရီးသည် (၁၂)ဦး တင်ဆောင်လာသည့် ဗင်ကားသည် ထိုင်းငံအလယ်ပိုင်း နခွန် ရတ်ချာစီမာ ပြည်နယ်အရောက် အဝေးပြေးလမ်းမပေါ်တွင် နေနေ့ညကတိမ်းမှောက်သွားခြင်း ဖြစ်ကြောင်း ရဲမှူးရင်ဂျို့စ်က ပြောကြားခဲ့သည်။ 

 

အေအက်ဖ်ပီသတင်းဌာနသို့ ရဲမှူးရင်ဂျို့စ်က ပြောကြားခဲ့ရာတွင် ခရီးသည် (၁၂)ဦးအနက် တစ်ဦးသာလွတ်မြောက်လာပြီး ကျန်(၁၁)ဦးမှာ ဗင်ကားအတွင်း ပိတ်မိပြီး မီးလောင်သေဆုံးခဲ့သည်ဟု ဆိုသည်။ 

 

လွတ်မြောက်လာခဲ့သူမှာ အသက်(၂၀)ရွယ် သာနာချစ် ကင်းကော ဆိုသူ ကျောင်းသား ဖြစ်ပြီး ယာဉ်တိမ်းမှောက်စဉ် အိပ်ပျော်နေကြောင်း၊ အော်သံတွေ ကြားမှ လန့်နိုးလာပြီး မော်တော်ယာဉ်မှာ ပက်လက်လန်နေပြီး မီး စတင် စွဲနေပြီဖြစ်ကြောင်း၊ သူက မှန်တံခါးကို လက်ဖြင့်ထုခွဲပြီး အပေါက်ငယ်မှ အပြင်သို့ တိုးထွက်ခဲ့ရကြောင်းပြောသည်။ 

 

ဒေသခံကယ်ဆယ်ရေး လုပ်သား နာခွန်ဆီယမ်၏ ပြောကြားချက်အရ မော်တော်ကားသည် မီးစွဲလောင်ပြီး စက္ကန့်သုံးဆယ်အတွင်း ပေါက်ကွဲသွားခဲ့သည်ဟုဆိုသည်။

 

ထိုင်းနိုင်ငံတွင် မော်တော်ယာဉ် မတော်တဆမှုများ မကြာခဏဖြစ်ပွါးလေ့ရှိပြီး အထူးသဖြင့် ယခုကဲ့သို့ အားလပ်ရက်ကာလများတွင် ပိုမိုဖြစ်ပွါးတတ်သည်။

 

NN- 27 and Photo By Gulf Today

 2 children among 11 burned to death in Thai van crash

ဆက်စပ် သတင်းများ