နိရဉ္စရာ၊ ဇန်နဝါရီ၂၄/၂၀၂၃(နိုင်ငံတကာ)
အိန္ဒိယအစိုး၇သည် ဘီဘီစီက ရိုက်ကူးထုတ်လွှင့်သည့် အိန္ဒိယဝန်ကြီးချုပ်မိုဒီအကြောင်းမှတ်တမ်းရုပ်သံအစီအစဉ်တစ်ခုကို ထုတ်လွှင့်ခြင်းမပြုရန် တားမြစ်ပိတ်ပင်လိုက်သည်။
အဆိုပါ မှတ်တမ်းရုပ်သံတွင် ၂၀၀၂ခုနှစ် ဂူဂျာရက်အရေးအခင်း၌ မိုဒီ၏ ဦးဆောင်ခဲ့မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်ထားပြီး လူမှုကွန်ယက်များပေါ်တွင်လည်း ဖြန့်ဝေခြင်းမပြုရန်တားမြစ်ထားသည်။
အိန္ဒိယ၏ ပြန်ကြားရေး နည်းပညာဥပဒေ အ၇ အစိုးရက အရေးပေါ်အာဏာဖြင့် အဆိုပါ မှတ်တမ်းရုပ်သံဖိုင် ကိုလူမှုကွန်ယက်များပေါ် ဖြန့်ဝေခြင်း မပြုရန် ညွှန်ကြားထားကြောင်း အစိုး၇အကြံပေးကမ်ချန်ဂုပ်တက သူ၏တွစ်တာတွင် ဖော်ပြထားသည်။
ဘီဘီစီက အဆိုပါရုပ်သံကို အိန္ဒိယတွင် ထုတ်လွှင့်ခြင်းမပြုသော်လည်း YouTubechannel အချို့တွင် တင်ထားသည်ကို တွေ့မြင်ရသည်။ အိန္ဒိယအစိုး၇ကတွစ်တာနှင့် YouTube ကိုလည်း အဆိုပါ ရုပ်သံဖိုင် ထုတ်လွှင့်ခြင်းမပြုရန် တားမြစ်ခဲ့သည်။
၂၀၀၂ခုနှစ်က လူပေါင်း(၁၀၀၀)ကျော် သေဆုံးခဲ့ရသည့်အိန္ဒိယအနောက်ပိုင်း ဂူဂျာရက်ပြည်နယ် လူမျိုးရေး ပဋိပက္ခဖြစ်ပွါးခဲ့စဉ်ကမိုဒီသည် ပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီးအဆိုပါ ပဋိပက္ခကို ကောင်းစွာကိုင်တွယ်ခဲ့ခြင်းမရှိကြောင်း စွပ်စွဲခံခဲ့၇သည်။ပဋိပက္ခတွင် သေဆုံးသူ အများစုမှာ မွတ်ဆလင်လူမျိးများဖြစ်သည်။
နောက်ပိုင်းတွင် မိုဒီသည် ဟိန္ဒူအမျိုးသားရေးပါတီ (BJP)၏ ပါတီခေါင်းဆောင်ဖြစ်လာခဲ့ပြီး၂၀၁၄ ရွေးကောက်ပွဲနှင့် ၂၀၁၉ ရွေးကောက်ပွဲများ၌ ဆက်တိုက်အနိုင်၇ကာ အိန္ဒိယဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
NN-27
ref CNA