သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကယ်လီဖိုးနီးယား၌ နောက်ထပ်ပစ်ခတ်မှုတစ်ခုထပ်မံဖြစ်ပွားပြီး လူ(၇)ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.3k

နိရဉ္စရာ၊ ဇန်နဝါရီ ၂၄/၂၀၂၃ (နိုင်ငံတကာ)

 

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တနင်္လာနေ့က နောက်ထပ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားြီး လူ()ဦးသေဆုံးသွားကြောင်းသိရသည်။ 

 

ယခုဖြစ်ရပ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊လော့အိန်ဓျယ်လိစ်မြို့၊ မွန်တာရီပတ်တွင် လွန်ခဲ့သည့် နှစ်ရက်က လူ(၁၁)ဦး သေဆုံးသည့် ပစ်ခတ်မှု ပေါ်ပေါက်အပြီး  နှစ်ရက်အကြာတွင် ထပ်မံဖြစ်ပွားဲ့ခြင်း ဖြစ်သည်။ 

 

ယခုထပ်မံဖြစ်ပွားည့်နေရာမှာ ဆန်ဖရန်စစ္စကိုမြို့ တောင်ဘက် မိုင်(၃၀အကွာရှိ (Half Moon Bay) တွင် ဖြစ်ပြီးနေရာနှစ်ခုတွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ 

 

ပစ်ခတ်သူမှာ အသက်(၆၇)နှစ်အရွယ်ရှိ ကျောက်ချွန်လီး ဆိုသူဖြစ်သည်။ 

 

ပစ်ခတ်မှု ဖြစ်ပွါးပြီး နှစ်နာရီအကြာတွင် တရားခံကို ဆန်မက်တီယို နယ်မြေရဲစခန်းသို့ ကိုယ်တိုင်ကားမောင်း လာစဉ် ရဲများကဖမ်းဆီးခဲ့ကြသည်။ ပစ်ခတ်ရာ၌ အသုံးပြုသည်ဟု ယူဆရသော ပစ္စတိုသေနတ်ကိုလည်းသိမ်းဆည်း ရမိခဲ့သည်။ 

 

ပထမ သေဆုံးသူ ()ဦးကို မှိုစိုက်ခင်းတွင် တွေ့ရှိရပြီး နောက်ထပ်သေဆုံးသူ ()ဦးကိုမူ အနီးရှိမော်တော်ယာဉ် စခန်းတွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

 

ဆန်မက်တီယို နယ်မြေရဲစခန်းမှူး က ခရစ္စတီနာ ကောပတ်စ်က တရားခံသည် ညနေ ၄နာရီ တွင် ရဲစခန်းသို့ကိုယ်တိုင် ကားမောင်းပြီး ဝင်ရောက်လာစဉ် ဖမ်းဆီးလိုက်သည်ဟု ပြောဆိုခဲ့သည်။ 

 

ရှစ်ယောက်မြောက် ပစ်ခတ်ခံရသူမှာ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံတွင် အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ကောပတ်စ်ကဆက်လက်ပြောကြားသည်။ 


သေဆုံးသူများမှာ ခြံလုပ်သားများဖြစ်သလို ပစ်ခတ်သူမှာလည်း မကျေနပ်မှုများနှင့် စိတ်ဓါတ်ပြိုကွဲနေသောခြံလုပ်သား တစ်ဦး ဖြစ်သည်ဟု Half Moon Bay ကောင်စီ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

 

ပုံစာ- တရားခံ ကျောက်ချွန်လီးအား ရဲက ဖမ်းဆီးနေစဉ် နှင့် မော်တော်ကားလိုင်စင်မှ သူ၏ ဓါတ်ပုံ။

NN-27, source:bbc 

ဆက်စပ် သတင်းများ