တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဆီးဂိမ်းစ်တွင်ထည့်သွင်းကျင်းပမည့် ရိုးရာလက်ဝှေ့ အခေါ်အဝေါ်နှင့်ပတ်သက်ပြီး ထိုင်းနှင့်ကမ္ဘောဒီးယားအကြား အငြင်းပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.9k

နိရဉ္စရာ၊ ဇန်နဝါရီ၂၆/၂၀၂၃

လာမည့် ဆီးဂိမ်းစ်တွင် ထည့်သွင်းကျင်းပမည့် လက်ဝှေ့အားကစားနည်းတစ်မျိုး၏ အခေါ်အဝေါ် နှင့်ပတ်သက်၍ ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံတို့အကြား အငြင်းပွားလျှက်ရှိကြသည်။

ထိုင်းတို့၏ ရိုးရာလက်ဝှေ့ "မွေထိုင်း" ကို အိမ်ရှင် ကမ္ဘောဒီးယားက ၎င်းတို့၏ ရိုးရာလက်ဝှေ့ "ခွန်ခမာ" အမည်ဖြင့် ခေါ်ဝေါ်ကျင်းပမည်ဟု ဆိုသည်။

ထိုသို့ ခေါ်တွင်မည့်ကိစ္စနှင့်ပတ်သက်၍ မွေထိုင်းလက်ဝှေ့အဖွဲ့ချုပ်က ကန့်ကွက်ထားပြီး ကမ္ဘောဒီးယားတို့ ခေါ်ဝေါ်သတ်မှတ်သည့် အမည်ဖြင့် ပြိုင်ပွဲကျင်းပမည်ဆိုလျှင် လာမည့် မေလ၌ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းစ် ပြိုင်ပွဲကို ထိုင်းလက်ဝှေ့အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်သွားမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၏ ရိုးရာလက်ဝှေ့ " မွေထိုင်း" မှာ ယခုအခါ နိုင်ငံတကာတွင် လူသိများ ထင်ရှားနေသော လက်ဝှေ့ အားကစားနည်းတစ်မျိုး ဖြစ်သည်။ ထိုင်းနိုင်ငံက " မွေထိုင်း" ဟု ခေါ်တွင်ပြီး ကမ္ဘောဒီးယားက " ခွန်ခမာ" ဟု ခေါ်တွင်သည့် ရိုးရာလက်ဝှေ့အားကစားနည်းမှာ စည်းမျဉ်းစည်းကမ်း အနည်းငယ်ကွဲပြားရုံမှအပ အတူတူပင်ဖြစ်သည်။

ထိုင်းတို့က " မွေထိုင်း" မှာ ၎င်းတို့၏ မူပိုင် ရိုးရာအမွေအနှစ် ဖြစ်သလို နိုင်ငံတကာ အိုလံပစ်ကော်မတီကလည်း အသိအမှတ်ပြုထားသော အားကစားနည်းဖြစ်သည်ဟု ဆိုသည်။

ကမ္ဘောဒီးယားသည် ထိုင်းတို့၏ " မွေထိုင်း" ကို အတုယူခိုးချပြီး ၎င်းတို့၏ ကိုယ်ပိုင် အဖြစ် သတ်မှတ်ရန် ကြိုးပမ်းနေသည်ဟု ထိုင်းတို့က စွပ်စွဲသည်။

ဆီးဂိမ်းပြိုင်ပွဲ အိမ်ရှင်နိုင်ငံအနေဖြင့် မိမိထည့်သွင်းလိုသော အားကစားနည်းအသစ်တစ်မျိုးကို ထည့်သွင်းခွင့်ရှိပြီး အဖွဲ့ဝင်နိုင်ငံများက ထောက်ခံမှုရှိလျှင် ပြိုင်ပွဲဝင်နိုင်သည်။ ကမ္ဘောဒီးယားက "မွေထိုင်း" နှင့် ပုံသဏ္ဍာန်တူသော ကမ္ဘောဒီးယားရိုးရာလက်ဝှေ့ "ခွန်ခမာ" ပြိုင်ပွဲကို ဆီးဂိမ်းစ်အဖွဲ့ဝင်နိုင်ငံများက ထောက်ခံမှု ရရှိထားပြီးဖြစ်၍ ထိုနာမည်ဖြင့်ပင် ဆက်လက် ကျင်းပသွားမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ မွေထိုင်းအဖွဲ့ချုပ်က ကမ္ဘောဒီးယား ဆီးဂိမ်စ်ကို သပိတ်မှောက်လျှင် ၂၀၂၅ ထိုင်းတွင် ကျင်းပမည့် ဆီးဂိမ်းသ်ပြိုင်ပွဲကိုလည်း ကမ္ဘောဒီးယား ရိုးရာလက်ဝှေ့အဖွဲ့က သပိတ်မှောက်မည်ဟု ဆိုသည်။ ၂၀၂၅ခုနှစ် ထိုင်းဆီးဂိမ်းစ်တွင် " မွေထိုင်း" အားကစားနည်းကို ထိုင်းတို့ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။

NN27, ref:bkpost

 

ဆက်စပ် သတင်းများ