Preview

ထိုင်းအာဏာရပါတီက စစ်ဗိုလ်ချုပ်ဟောင်း ပရာဝစ်ကိုဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်

ဇန်နဝါရီ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :7932
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ ၂၇/၂၀၂၃

 

ထိုင်းနိုင်ငံ၏ စစ်တပ်လိုလားသောအာဏာ၇ ပလန်းပရာချာရတ်ပါတီ(Palang Pracha Rath/ PPRP) က နိုင်ငံရေးသမားဟောင်းနှင့်စစ်တပ်အကြီးအကဲဟောင်း ပရာဝစ် ဝမ်ဆူဝန်ကို လာမည့်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်လိုက်ကြောင်း ပါတီထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။ 

 

ထိုင်းနိုင်ငံ ရွေးကောက်ပွဲများကိုလာမည့် မေလတွင် ကျင်းပမည်ဖြစ်ရာ ပါတီအသီးသီးက ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။ 

 

ရှေးရိုးစွဲအယူအဆ လွှမ်းမိုးသည့် ထိုင်းနိုင်ငံရေးတွင် သဘောထား မျှတသူလည်းဖြစ်၊ လက်ရှိ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့်ပရာဝစ်သည် ဖြူထိုင်းပါတီမှ ပြည်ပတိမ်းရှောင်နေသည့်ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝါထရာ သမီးပေတုန်တန်ရှင်နာဝါထရာ ှင့်အဓိကယှဉ်ပြိုင်၇မည်ဖြစ်သည်။ 

 

သူဟာ ပါတီရဲ့ အဓိကနေရာမှာ ရှိပါတယ်။ ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်အားလုံးကလည်း သူ့အရည်အချင်းကို သဘောကျပြီး အသင့်တော်ဆုံးလို့ မြင်ကြပါတယ်"ဟု ပလန်း ပရာချာရတ်ပါတီ ဒုတိယ ခေါင်းဆောင် ပိုင်ဘွန်းနီတီတာဝမ်က ပြောသည်။

 

ပရာဝစ်(ရ၇နှစ်အနေဖြင့် ယူနိုက်တက် ထိုင်းနေးရှင်းပါတီသို့ ရောက်ရှိသွားသော လက်ရှိ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ (၆၈နှစ်)နှင့် ရင်ဆိုင် ယှဉ်ပြိုင်၇မည်ဖြစ်သည်။ နှစ်ဦးစလုံး စစ်ဗိုလ်ချုပ်ဟောင်းများဖြစ်ကြပြီး အစ်ကိုကြီး ညီလေးဆက်ဆံရေးရှိကြကာ မိဖုရားအစောင့်တပ် လေးစားခြင်းခံ၇သူများ ဖြစ်သည်။

 

ှစ်ဦးစလုံးရှင်နာဝါထရာမိသားစုနှင့် ဆက်စပ်သော အစိုး၇အဖွဲ့အား အာဏာသိမ်မှုတွင် ပါဝင်ခဲ့ကြသူများလည်း ဖြစ်သည်။ 

 

ပရာဝစ် သဘောထားကို မသိ၇သေးသော်လည်း သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်မူ နိုင်ငံရေးသမားဆိုတာပါတီအားလုံးနဲ့ လက်တွဲပြီး အလုပ်လုပ်နိုင်စွမ်းရှိ၇မယ်။ လူထုအကျိုးစီးပွားကို ရှေးရှုပြီး ဋိပက္ခတွေလျှော့ချဖို့ ညှိနှိုင်း ဆောင်ရွက်တတ်၇မယ်ဟု ရေးသားထားသည်ကို တွေ့၇သည်။ 


ယခုကဲ့သို့ ဗိုလ်ချုပ်ဟောင်းနှစ်ဦးက မတူညီသော ပါတီများမှယှဉ်ပြိုင်ရွေးချယ်ခံခြင်းမှာ လာမည့် ရွေးကောက်တွင် အနိုင်ရပြီးဆက်လက်အာဏာရရှိရေး မဟာဗျူဟာတစ်ရပ်ဟုဆိုသည်။ 

 

NN 27,

ref:c

#ထိုင်းနိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.