ဇန်နဝါရီ ၂၉/၂၀၂၃ (နိုင်ငံတကာ)
အိန္ဒိယလေတပ် တိုက်လေယာဉ်နှစ်စီး ဇန်နဝါရီလ ၂၈ရက်(စနေနေ့) မနက်ပိုင်းက ပျက်ကျခဲ့ရာ တိုက်လေယာဉ်မောင်းတစ်ဦး သေဆုံးသွားပြီး နှစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိ၇သည်။
နယူးဒေလီမြို့ တောင်ဘက်တွင် လေ့ကျင့်ပျံသန်းရင်း တိုက်လေယာဉ်နှစ်စီးသည် လေထဲတွင် အချင်းချင်းတိုက်မိကာ ပျက်ကျသွားခြင်ဖြစ်သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ယခု လေယာဉ်ပျက်ကျမှုမှာ စစ်ဘက်လေယာဉ်များ မတော်တဆ ပျက်ကျမှု မကြာခဏ ဖြစ်ပွားနေသော အိန္ဒိယလေတပ်၏ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ပြီး အစိုး၇က အိန္ဒိယတပ်မတော်ကို ခေတ်မီ တိုးတက်အောင်တည်ဆောက်နေချိန်ဖြစ်သလို ရှုပ်ထွေးသော လုံခြုံရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင် နေ၇သည့် ကာလတွင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်ပွားပုံမှာ စနေနေ့ မနက်ပိုင်းက နယူးဒေလီတောင်ပိုင်းရှိ ဂွာလီယာ လေတပ်စခန်းမှထွက်ခွါလာသည့် ရုရှားနိုင်ငံလုပ် ဆူခွိုင်း Su30 ဂျက်တိုက်လေယာဉ်နှင့် ပြင်သစ်နိုင်ငံလုပ် Mirage 2000 ဂျက်တိုက် လေယာဉ်နှစ်စီးတို့ လေ့ကျင့်ပျံသန်းနေစဉ်စခန်း၏ အရှေ့ဘက်မိုင်(၃၀)အကွာ လေထဲတွင် တိုက်မိကာ ပျက်ကျသွားခြင်းဖြစ်သည်။
ရုရှားလုပ် ဆူခွိုင်း Su30တိုက်လေယာဉ်တွင် လေယာဉ်မောင်းနှစ်ဦးပါဝင်ပြီး ပြင်သစ် မီရာ့ဂျ်-၂၀၀၀ တိုက်လေယာဉ်တွင် လေယာဉ်မောင်းတစ်ဦးပါဝင်သည်။
ပထမပျက်ကျသည့် တိုက်လေယာဉ်မောင်းနှစ်ဦးမှာ အသက်အန္တရာယ် ကင်းသော်လည်း တတိယမြောက် လေယာဉ်မောင်းမှာ ဒဏ်ရာပြင်းထန်သည်ဟု အိန္ဒိယလေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပထမ တိုက်လေယာဉ်မှာ အိန္ဒိယတောင်ဘက် မိုင် ၂၀၀ ခန်အကွာ မာဒရာ ပရာဒက်ပြည်နယ် သစ်တောအတွင်း ပျက်ကျခဲ့ပြီးလေယာဉ်မောင်း(pilot)နှစ်ဦးကို ပျက်ကျရာနေရာအနီးတွင် တွေ့ခဲ့၇သည်။
၎င်းတို့ နှစ်ဦးအား အိန္ဒိယလေတပ် ၇ဟတ်ယာဉ်တစ်စီးက ဆေးကုသရန် ခေါ်ဆောင်သွားသည်။
အခြား တိုက်လေယာဉ်တစ်စီးမှာ ထိုနေရာမှ အနည်းငယ်ဝေးသော ရာဂျက်စ်သန်ပြည်နယ်တွင် ပျက်ကျခဲ့ပြီး ဒေသအာဏာပိုင်များနှင့် စစ်ဘက်အရာရှိများက လေယာဉ်ပျက်ကို စစ်ဆေးနေသည့်ပုံများကို မြင်တွေ့၇သည်။
အန္ဒိယနိုင်ငံသည် စစ်ဘက်လေယာဉ်မတော်တဆမှုများနှင့် မကြာခဏ ကြုံတွေ့နေခဲ့၇သည်။ ပြီးခဲ့သည့် အောက်တိုဘာလကပင် အငြင်းပွားနေသောတရုတ်နိုင်ငံနယ်စပ်အနီး အရူနာချယ်ပရာဒက် ပြည်နယ်တွင် စစ်၇ဟတ်ယာဉ်တစ်စီး ပျက်ကျပြီး စစ်သည်ငါးဦး သေဆုံးခဲ့သည်။
၂၀၂၁၊ ဒီဇင်ဘာလကလည်း ရုရှားလုပ် Mi 17 ၇ဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ရာ လိုက်ပါလာသော အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဘီပင်ရာဝတ်နှင့် အခြား ၁၃ ဦး သေဆုံးခဲ့သည်။
ယခု တိုက်လေယာဉ်နှစ်စီး ပျက်ကျ၇သည့်အကြောင်းအရင်းကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ် နေသည်ဟုဆိုသည်။
NN- 27
Ref:CAN
ပုံစာ- ရာဂျစ်စ်သန် ပြည်နယ်၍ ပျက်ကျသွားသော တိုက်လေယာဉ်၏ အပျက်အစီးများကို ကယ်ဆယ်ရေးအဖွဲ့ဝင်များ စစ်ဆေးကြည့်ရှုနေကြစဉ်။