Preview

အရှေ့တောင်အာရှ၏လုံခြုံစိတ်ချရမှုအရှိဆုံးမြို့အဖြစ် ထိုင်းနိုင်ငံ"ဇင်းမယ်"မြို့ရွေးချယ်သတ်မှတ်ခံရ

ဇန်နဝါရီ ၃၀/ ၂၀၂၃ | ကြည့်ရှုသူ :1812
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇန်နဝါရီ၃၀/၂၀၂၃(နိုင်ငံတကာ)

 

အရှေ့တောင်အာရှ၏ ဘေးကင်းလုံခြုံမှု အရှိဆုံးမြို့အဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်း ဇင်းမယ်မြို့ သတ်မှတ် ရွေးချယ်ခံ၇ကြောင်း သိရှိ၇သည်။ 

 

ဒုတိယ အလုံခြုံဆုံး ဖိလစ်ပိုင်နိုင်ငံ ဒါဗိုမြို့ နှင့် တတိယ အလုံခြုံဆုံး စင်္ကာပူတို့ကို ကျော်လွန်ပြီး ဇင်းမယ်မြို့က ရွေးချယ်ခံလိုက်၇ခြင်းဖြစ်သည်။ စင်္ကာပူသည် ယခင်ကအရှေ့တောင်အာရှ အလုံခြုံဆုံးမြို့အဖြစ် အမြဲတမ်းရွေးချယ်ခံခဲ့၇သည်။ 

 

ကမ္ဘာ့မြို့ကြီးပေါင်း (၄၁၆)မြို့အနက် ဇင်းမယ်က (၃၂)မြို့မြောက် ကမ္ဘာပေါ်တွင် ဘေးကင်းလုံခြုံမှု အရှိဆုံးမြို့အဖြစ် သတ်မှတ်ခံ၇ကြောင်း NationThailand   သတင်းအ၇ သိရှိ၇သည်။

 

ယခု စစ်တမ်းကို ကမ္ဘာ့အကြီး လူနေမှုစရိတ် စာရင်းအင်း ဝက်ဘ်ဆိုက် (Numbeo) က  ပြုစုခဲ့ခြင်း ဖြစ်သည် 

 

အရှေ့တောင်အာရှ၏ ဘေးကင်းလုံခြုံမှုအရှိဆုံးမြို့အဖြစ် ဇင်းမယ်က၇မှတ် (၇၅.) မှတ်ဖြင့် ပထမ၊ ဖိလစ်ပိုင်နိုင်ငံ ဒါဗိုမြို့က (.)မှတ်ဖြင့် ဒုတိယ၊ စင်္ကာမြို့က (၇၀.) မှတ်ဖြင့် တတိယရရှိခဲ့သည်။ 

 

ကမ္ဘာပေါ်တွင် လုံခြုံမှုအရှိဆုံးမြို့အဖြစ်ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့က ၇မှတ်(၈၈.)ဖြင့် ရွေးချယ်သတ်မှတ်ခံ၇ပြီး ကာတာနိုင်ငံ ဒိုဟာ က (၈၅.)မှတ်ဖြင့် ဒုတိယ၊ ထိုင်ဝမ်မြို့တော် တိုင်ပေ က (၈၄.)မှတ်ဖြင့် တတိယ သတ်မှတ်ခံ၇သည်။ 

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၇မှတ် (၅၉.)ဖြင့် ကမ္ဘာ့အဆင့် (၁၇၀ရရှိပြီး အရှေ့တောင်အာရှတွင် ဘေးကင်းလုံခြုံမှုအဆင့်() သတ်မှတ်ခံ၇သည်။ 

 

ထိုင်းအစိုး၇အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနူချာ ဘူရာပါချိုင်စရီ က ဇင်းမယ်မြို့အား အရှေ့တောင်အာရှ၏ လုံခြုံမှုအရှိဆုံးမြို့အဖြစ် သတ်မှတ်ခံ၇သည့် အပေါ်  ထိုင်းဝန်ကြီးချုပ်က ကြိုဆိုလိုက်သည်။ 

 

ဝန်ကြီးချုပ် ရာယွတ် ချန်အိုချာက ပြည်သူတွေအကြား လုံခြုံစိတ်ချမှုရရှိအောင် လုပ်ဆောင်ပေးခဲ့ကြတဲ့ အေဂျင်စီအားလုံးကို ကျေးဇူးတင်တယ်ဟုဆိုသည်။ 

 

ဇင်းမယ် အောင်မြင်မှုသည် ရာဇဝတ်မှု ပပျောက်ရေး၊ ပြည်သူတို့ လူနေမှုဘ၀ မြှင့်တင်ပေးရေးနှင့်နိုင်ငံခြားသာ ဧည့်သည်များအကြား ယုံကြည်မှု မြင့်မားလာရေး အစိုး၇ ကြိုးပမ်းအားထုတ်မှု ၇လဒ်များဖြစ်သည်ဟု အနူချာက ပြောကြားခဲ့သည်။ (NN-27)

 

source:Nation Thailand 

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.