သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပါကစ္စတန်ဗလီ အသေခံဗုံးခွဲတိုက်ခိုက်မှု ရဲများအပါအဝင် ၆၁ ဦးသေ၊ ၁၅၀ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.6k

နိရဉ္စရာ၊ ဇန်နဝါရီ၃၁/၂၀၂၃(နိုင်ငံတကာ)


ပါကစ္စတန်အနောက်ပိုင်း ပက်ရှ်ဝါမြို့ရှိ ဗလီတစ်ခုအတွင်း တနင်္လာနေ့(ဇန်နဝါရီ ၃၀)ကဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း (၆၁)ဦး သေဆုံးပြီး ၁၅၀ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ 

 

ပေါက်ကွဲမှုမှု ပြင်းထန်သည့်အတွက် အုတ်နံရံများပြိုကျပြီး လူအများအပြား အပျက်စီးအောက်တွင် ပိမိသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူအများစုမှာ ပါကစ္စတန်ရဲတပ်ဖွဲ့ဝင်များဖြစ်သည်။ 

 

ပက်ရှ်ဝါမြို့ ပါကစ္စတန်ရဲတပ်ဖွဲ့ ဌာနချုပ်အတွင်းရှိ ဗလီတွင် မွန်းလွဲပိုင်း ဝတ်ပြုဆုတောင်းမှုပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။ ပက်ရှ်ဝါမြို့သည် စစ်သွေးကြွများ လှုပ်ရှားနေသည့် အာဖဂန်နယ်စပ်နှင့် ကပ်လျှက်တည်ရှိသော ပက်ရှ်ဝါပြည်နယ် မြို့တော်ဖြစ်သည်။ 

 

ဗလီအုတ်နံ နှင့် ခေါင်မိုးပါ ပြိုကျခဲ့သဖြင့် အပျက်အစီးများအောက်တွင် ရဲတပ်ဖွဲ့ဝင်အများအပြား ပိမိ သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ မိုဟာမက် ခန်းက ပြောကြားသည်။ အဆိုပါဗလီမှာ ပုံမှန်အားဖြင့်ရဲတပ်ဖွဲ့ဝင် ၃၀၀ မှ ၄၀၀ ကြား နေ့စဉ်ဝတ်ပြုရာနေရာ ဖြစ်သည် 

 

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရေးပေါ် ကယ်ဆယ်ရေးကားများ ရောက်ရှိလာပြီး သွေးသံရဲရဲဖြင့် အပျက်အစီးများအောက် ပိတ်မိနေသူများကို ကယ်ထုတ်ခြင်း၊ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ခြင်းများ အဆက်မပြတ် ပြုလုပ်နေသည်ကို တွေ့ရသည်။ အပျက်အစီးအောက်မှ သေဆုံးသူများကို ဆွဲထုတ်နေစဉ် သေဆုံးသူအရေအတွက်မှာ တိုးသည်ထက် တိုးလာနေပြီး နောက်ဆုံးစာရင်းအရ သေဆုံးသူ ၆၁ဦး နှင့်ဒဏ်ရာရသူ ၁၅၀ ဦး ရှိသည်ဟု သိရသည်။ 

 

ယခု တိုက်ခိုက်မှု နှင့် ပတ်သက် မည်သူ့လက်ချက်ဖြစ်သည်ကို မသိရှိရသေးပေ။ ရဲအရာရှိတစ်ဦး၏ပြောဆိုချက်အရ ဗုံးပေါက်ကွဲမှုသည် တ်ပြုနေသူများ ဒုတိယတန်းမှ စတင်ခြင်းဖြစ်ပြီး အသေခံဗုံးခွဲခြင်း ဖြစ်သည်ဟု ယူဆသည်။ 

 

ဗုံးခွဲတိုက်ခိုက်မှုများဖြင့် မငြိမ်မသက်ဖြစ်နေခဲ့သော ပါကစ္စတန်တွင် ၂၀၁၄ ခုနှစ်နောက်ပိုင်း စစ်တပ်က အကြီးအကျယ် နှိမ်နင်းမှုပြုလုပ်ပြီးနောက်  ငြိမ်သက်သွားခဲ့သော်လည်း  အာဖဂန်နစ္စတန်တွင် တာလီဘန်များ အာဏာပြန်လည်ရရှိခဲ့ချိန်မှစ၍ ပါကစ္စတန်၏ လုံခြုံရေးအခြေအနေမှာ ပြန်လည်ဆိုးရွား လာခဲ့သည်။ 

 

တောင်ကုန်းတောင်တန်း ထူထပ်သော ါကစ္စတန် နှင့် အာဖဂန်နစ္စတန် ယ်စပ်ဒေသကို အခြေပြု၍ ပါကစ္စတန် တာလီဘန်များ ဝင်ထွက် လှုပ်ရှားနေကြပြီး ပါကစ္စတန်ရဲများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။

 

 ပါကစ္စတန် တာလီဘန်များသည် အာဖဂန်နစ္စတန်တာလီဘန်များနှင့် တူညီသော အဖွဲ့တစ်ခု ဖြစ်သော်လည်းတာလီဘန်အယူအဆများကို လက်ခံယုံကြည်သူများဖြစ်သည်။ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပါကစ္စတန်တာလီဘန်များက ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းဆိုထားသည်။ 

 

ပါကစ္စတန် ဝန်ကြီးချုပ် ရှရစ်ဖ်က ယခုကဲ့သို့ တိုက်ခိုက်မှုနှင့် အစ္စလာမ်ဘာသာသည် ဘာမှ မသက်ဆိုင်ကြောင်း၊ ပါကစ္စတန်ပြည်သူ အားလုံးကအကြမ်းဖက်သမားများကို ညီညွတ်စွာ ဆန့်ကျင်နေကြောင်း တိုက်ခိုက်မှုဖြစ်ပွားအပြီး ပြောကြားခဲ့သည်။ 


ref:cna 

 

 

ဆက်စပ် သတင်းများ