နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁/ ၂၀၂၃
မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ် နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ဘင်ဒရိုဘင်ခရိုင်တွင် Kuki-Chin National Front (KNF)/ ကူကီး-ချင်းအမျိုးသားတပ်ဦးနှင့် ဘင်္ဂလာဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီးကူကီးအဖွဲ့ဝင်တစ်ဦး၏ ကျဆုံးသွားခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် ရေးသားဖော်ပြသည်။
ကျဆုံးသွားခဲ့သည့် အလောင်းကိုဝေးလံပြီး တောင်ထူထပ်သည့် ဘင်ဒရိုဘင်ဒေသ၊ ၇ုံမော်မြို့နယ်တွင် ရဲများက တနင်္ဂနွေနေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုသည်။
သေဆုံးသွားသည့်KNF အဖွဲ့ဝင်မှာမည်သူမည်ဝါ မသိရှိ၇သေးဘဲ ဘင်္ဂလာဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၇ုံမော် ရဲစခန်းမှ စခန်းမှူးမိုဟာမက် အလမ်ဂျီယာ ဟိုစိန်ကပြောကြားသည်။
စခန်းမှူးအလန်ဂျီယာ၏ ပြောကြားချက်အ၇ ခွဲထွက်အုပ်စုနှင့် လုံခြုံရေးတပ်ဖွဲအကြား ပစ်ခတ်မှုများ စနေ့နေ့က စတင်ဖြစ်ပွားခဲ့သည်။
သေနတ်သံများကြား၇ပြီးနောက် မာလ်ပီကျေး၇ွာမှ မာ၇မာလူမျိုးစု မိသားစု ၄၀ မှာ ရွာမှ ထွက်ပြေးပြီး ၇ုံမော်မြို့နယ်ရှိ လူမှုကူညီရေးအသင်း အဆောက်အဦးသို့သွားရောက်ခိုလှုံခဲ့၇သည်ဟု ဆိုသည်။
တနင်္ဂနွေနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားရာ နေရာကို ရဲများဝင်ရောက်စီးနင်းစဉ် အလောင်းကိုတွေ့၇ခြင်းဖြစ်သည်။
" ပြီးခဲ့တဲ့နှစ်အောက်တိုဘာလ (၁ရ)ရက် ကတည်းက ဒီတောင်တန်းဒေသမှာ ပူးပေါင်းတပ်ဖွဲ့တွေကရူမာ ဥပဇီလာ နယ်စပ်တစ်လျှောက်မှာ ပြန့်ကျဲ လှုပ်ရှားနေတဲ့KNF အဖွဲ့ဝင်တွေကိုစစ်ဆင်ရေးပြုလုပ်ခဲ့တယ်။ မကြာခင်ကတော့ ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ သူတို့ ရောက်လာတတဲ့အတွက် ဒေသအသီးသီးက ရွာသားတွေဟာ ကြောက်လန့်ပြီး နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြ၇တယ်" ဟု သူက ဆက်လက်ပြောဆိုသည်။
ကူကီးချင်းအမျိုးသားတပ်ဦး(KNF) သို့မဟုတ်ဘွမ်ပါတီ သည် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်များက၎င်းတို့၏ အဖွဲ့ဝင် ၁၂ ဦးကို မိုဇိုရမ်ပြည်နယ်တွင်လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး၇မိခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်ကပြန်လည်မြင်တွေ့လာ၇ခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလက KNFသည် ဘင်္ဂလာဒေ့ရှ် စစ်သွေးကြွအုပ်စုအသစ်တစ်ခုဖြစ်သည့်" ဂျမားအတူ အန်ဆာ ဖီလ် ဟင်ဒယ်လ်ရှာကီရာ" အဖွဲ့ဝင်များကို ငွေကြေးဖြင့် လေ့ကျင့် သင်တန်းပေးနေသည်ကိုရဲများ ရှာဖွေတွေ့ရှိခဲ့သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။