Preview

သေဒဏ်ကျခံနေရသော နောက်ဆုံးအသက်ရှင် ကျန်ရစ်နေသေးသည့် ခမာနီခေါင်းဆောင် ခီယူဆမ်ဖန်အား နိုင်ငံတော်အကျဉ်းထောင်သို့ပြောင်းရွှေ့

ဖေဖော်ဝါရီ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :1451
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃ (နိုင်ငံတကာ)


လူမျိုးတုန်း သတ်ဖြတ်မှုများဖြင့် သေဒဏ်ပြစ်ဒဏ် နှစ်ခု ချမှတ်ခံထား၇သည့် ခမာနီခေါင်းဆောင် ခီယူဆမ်ဖန်အား ကမ္ဘောဒီးယား နိုင်ငံတော်အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားလိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဥပဒေအကျိုးဆောင်များက ပြောကြားခဲ့သည်။

 

နောက်ဆုံးအသက်ရှင်ကျန်ရစ်နေဆဲ မာနီခေါင်းဆောင်ဟောင်း ခီယူဆမ်ဖန်အား လူမျိုးတုန်းသတ်ဖြတ်မှုများဖြင့် ၂၀၁၈ခုနှစ်က သေဒဏ်ပြစ်ဒဏ်နှစ်ခု ချမှတ်ခဲ့မှုအပေါ် အယူခံဝင်ခဲ့ရာ ပယ်ချခံ၇ပြီးနောက်ယခုကဲ့သို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

 

အသက်(၉၁)နှစ်အရွယ် ရှိပြီဖြစ်သေ ခီယူဆမ်ဖန်သည် ရက်စက်ကြမ်းကြုတ်သည့် ခမာနီ အစိုး၇ခေါင်းဆောင်အဖြစ် ၁၉၇၀ပြည့်လွန်နှစ်များက ာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ လက်ထက်တွင် ကမ္ဘောဒီးယားလူဦးရေ လေးပုံတစ်ပုံခန့် အကြောင်းမျိုးမျိုးဖြင့် ညှဉ်းပမ်းနှိပ်စက်ခံ၇ပြီး အသက်ဆုံးရှုံးခဲ့၇သည်။

 

ခီယူဆမ်ဖန် နှင့် အကိုကြီး နံပါတ်-( BrotherNumber Two) ဟု ထင်ရှားသည့် နွန်ချေတို့အားလူသားမျိုးနွယ်တို့အပေါ်  ကျူးလွန်သည့် ရာဇဝတ်ပြစ်မှုဖြင့် ၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂကြီးမှူးသည့် ကမ္ဘောဒီးယားတရားရုံးက သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ နွန်ချေမှာ ၂၀၁၉ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

 

ခီယူဆမ်ဖန် ကို ၂၀၀၇ ခုနှစ်က ဖမ်းဆီးခဲ့ပြီး တရားရုံး၏ အထူးအဆေ က်အဦ တစ်ခုတွင်ထိန်းသိမ်းထားခဲ့သည်။

 

သူ ကျခံ၇မယ့် သေဒဏ်ပြစ်ဒဏ် နှစ်ခုအတွက် ခီယူဆမ်ဖန်ကို ကန်ဒယ် ပြည်နယ်အကျဉ်းထောင်ကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပို့ဆောင်လိုက်ပါပြီဟု ဥပဒေအကျိုးဆောင်များက ဆိုသည်။

 

အဆိုပါအကျဉ်းထောင်သည် ဖနွမ်ပင်မှ မိုင် ၂၀ ခန့် ဝေးကွာသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလက တရားရုံးသို့ နောက်ဆုံးရောက်ရှိလာစဉ် ခီယူဆမ်ဖန်မှာ အိုမင်းရင့်ရော်တုံချိနေပြီး လက်တွန်းကုလားထိုင်ပေါ်တွင်ထိုင်ကာ စီရင်ချက်များကိုနားကြပ်ဖြင့် နားထောင်နေသည်ကို တွေ့မြင်ခဲ့ကြ၇သည်။

 

ခီယူဆမ်ဖန်လက်ထက် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ဗီယက်နမ်မျိုးနွယ်စုများအား ခမာနီတို့၏ အတွင်းရန်သူအဖြစ်သတ်မှတ်ကာ သုတ်သင်မှုလည်း ပါဝင်သည်။

 

ကမ္ဘောဒီးယား နှင့် နိုင်ငံတကာတရားသူကြီးများဖြင့် ဖွဲ့စည်းထားသည့် ပေါင်းစပ်တရားရုံးသည် ၁၉၇-၇၉ခုနှစ်အတွင်း ကွန်မြူနစ် ခမာနီအစိုး၇က ပြည်သူနှစ်သန်းကျော်ကို အလုပ်စခန်းများသို့ အဓမ္မပို့ဆောင်ကာအစာရေစာ ငတ်မွတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုအမျိုးမျိုးနှင့် အဓမ္မလုပ်အား စေခိုင်းမှုများဖြင့် အသက်သေဆုံးစေခဲ့သည့် ပြစ်မှုများကို စစ်ဆေးစီရင်နေခဲ့သည်။

 

အကိုကြီး နံပါတ်- (Brother Numbet One ) အဖြစ် ထင်ရှားသည့် ခမာနီခေါင်းဆောင် ပိုပေါ့ကိုမူ ရုံးတင်စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ  အဆိုပါတရားရုံးမဖွဲ့စည်းမီ ၁၉၉၈ ခုနှစ်ကပင် ကွယ်လွန်သွားခဲ့သည်။

NN27

Ref:cna

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.