Preview

သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံးတစ်လုံးကို အမေရိကန်ကောင်းကင်ယံပေါ်တွင် တွေ့ရှိ၊ ပင်တာဂွန်က အကဲခတ်စောင့်ကြည့်နေ

ဖေဖော်ဝါရီ ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :4281
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၃/ ၂၀၂၃ (နိုင်ငံတကာ)

 

 သံသယဖြစ်ဖွယ်တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံးတစ်လုံးကို အမေရိကန်ပြည်ထောင်စုအနောက်ဘက် ကောင်းကင်ယံတွင် ရက်အတန်ကြာ ပျံသန်းနေသည်ကို တွေ့ရှိ၇ကြောင်းပင်တာဂွန် စစ်ဌာနချုပ်က ပြောကြားသည်။

 

သံသယဖြစ်ဖွယ်တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံးသည် ပုံမှန်ခရီးသည်တင် လေယာဉ်များ ပျံသန်းသည့်အမြင့်ပေထက် ပိုမိုမြင့်မားသောကောင်းကင်တွင်ပျံသန်းနေပြီး အမေရိကန် ထိပ်တန်းအရာရှိများက ပစ်ချရန် သမ္မတ ဂျိုးဘိုင်ဒင်အား အကြံပြုခဲ့ကြသော်လည်းအပျက်အစီးများ မြေပြင်ပေါ်ကျပြီးထိခိုက်မှုရှိမည်စိုးသဖြင့် မပစ်ချဘဲ ဆက်လက်စောင့်ကြည့်နေခဲ့သည်ဟုဆိုသည်။

 

အမေရိကန်နိုင်ငံရဲ့အလွန်မြင့်မားတဲ့ကောင်းကင်ယံပေါ်မှာ ပျံသန်းနေတဲ့ တရုတ်ထောက်လှမ်းရေးမိုးပျံဘောလုံးတစ်လုံးကို ဒီနေ့ ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။ ဒီ မိုးပျံဘောလုံးဟာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းတဲ့ အမြင့်ပေရဲ့အထက်မှာ ပျံသန်းနေတာဖြစ်ပြီး မြေပြင်ပေါ်ကိုအန္တရာယ်ပေးနိုင်တဲ့ အနေအထားမျိုး မတွေ့၇ပါဘူးဟုပင်တာဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

အမေရိကန်အထက်လွှတ်တော်အမတ် မာကု် ရူဘီယိုက လွန်ခဲ့တဲ့ငါးနှစ်အတွင်း တရုတ်နိုင်ငံကအမေရိကန်အပေါ် ထောက်လှမ်းမှုတွေ ပိုများလာပြီး ပြောင်ပြောင်တင်းတင်းဖြစ်လာတာတွေ့၇တယ်။ ဒါဟာ မဆန်းပါဘူးဟု ဆီးနိတ်ထောက်လှမ်းရေးကော်မတီကို ပြောကြားခဲ့သည်။

 

ယခုသတင်းမှာ စီအိုင်အေ ဒါရိုက်တာ ဝီလျံဘန်းစ် က လက်ရှိအချိန်မှာ တရုတ်နိုင်ငံဟာ ပထဝီနိုင်ငံရေးအရ အမေရိကန်ကို အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့နိုင်ငံပါဟုဂျော့တောင်းတက္ကသိုလ်တွင် ပြောကြားအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

 

မကြာမီရက်များအတွင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် သည် တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်သည်။ အမေရိကန်ထိပ်တန်းကာကွယ်ရေးအရာရှိတစ်ဦးက ယခုတွေ့ရှိ၇သည့် တရုတ်ထောက်လှမ်းရေး မိုးပျံဘောလုံးသည်အမေရိကန်လေပိုင်နက်အတွင်း ဝင်ရောက်လာသည့်အတွက်အမေရိကန်အနေဖြင့် လိုအပ်သလို ထိန်းသိမ်းပိုင်ခွင့် ရှိသည်ဟုဆိုသည်။

 

 ဗုဒ္ဓဟူးနေ့ကမွန်တာနာမြို့အနီးတွေ့ရှိခဲ့သည့် တရုတ်မိုးပျံဘောလုံးကို ပစ်ချရန်သမ္မတဂျိုးဘိုင်ဒင်အား အကြံပြုကြသော်လည်း အပျက်အစီးများမြေပြင်ပေါ်ကျပြီးအန္တရာယ်ဖြစ်မည်စိုးရိမ်သဖြင့် အဆိုပါအစီအစဉ်ကိုပယ်ချခဲ့သည်။

 

မိုးပျံဘောလုံးတွေ့ရှိခဲ့သည့်မွန်တာနာလေဆိပ်ကို နှစ်နာရီကြာ ပိတ်ထားပြီး အမေရိကန်အက်ဖ်-၂၂ တိုက်လေယာဉ်များကိုလည်း တပ်လှန့်ထားခဲ့သည်။

 

အမေရိကန်အရာရှိများ၏အဆိုအရ မိုးပျံဘောလုံး ဖြတ်သန်းရာလမ်းကြောင်းသည် အလွန်ထိရှလွယ်သည့်နေရာများဖြစ်သည်ဟုဆိုသည်။

 

မွန်တာနာရှိမယ်လ်စထရွမ် လေတပ်အခြေစိုက်စခန်းသည်အမေရိကန်၏ တိုက်ချင်းပစ် ဒုံးပျံခွံ ၁၅၀ သိုလှောင်ထားရာနေရာဖြစ်သည်။

 

ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီးအမေရိကန်အရာရှိများက တရုတ်အစိုးရတာဝန်ရှိသူများထံဆက်သွယ်မေးမြန်းထားသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်စုံတရာ ပြန်လည်ဖြေကြားခြင်းမရှိသေးဟု ဆိုသည်။ NN-27

 

 ပုံစာ-ဖေဖော်ဝါရီ(၁)ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ မွန်တာနာပြည်နယ်၊ဘီးလင်းမြို့ကောင်ကင်ပေါ်တွင် မြင်တွေ့၇သည့် မိုးပျံဘောလုံး။ ref: Reuters

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.