Preview

ပါကစ္စတန်သမ္မတဟောင်း ဗိုလ်ချုပ်ကြီးပါဗက်ဇ် မူရှာရက်ဖ် (၇၉-နှစ်) ကွယ်လွန်သွားပြီ

ဖေဖော်ဝါရီ ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :1541
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃ (နိုင်ငံတကာ)

 

၁၉၉၉ ခုနှစ်က စစ်အာဏာသိမ်းပြီး သမ္မတဖြစ်လာခဲ့သူ ပါကစ္စတန် သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက်ဇ်မူရှာရက်ဖ်ကွယ်လွန်သွားပြီဖြစ်သည်။

 

ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ် ရှိပြီဖြစ်သော မူရှာရက်ဖ်သည် (၂၀၀၁ ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ ) ပါကစ္စတန်သမ္မတ အဖြစ် တာဝန်ယူခဲ့ပြီး အိပ်ရာထဲတွင် ကာလရှည်နာမကျန်း ဖြစ်ပြီးနောက် ဒူဘိုင်းမြို့တွင် ဖေဖော်ဝါရီ ၅ ရက်က ကွယ်လွန်သွားကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်သည်။ 

 

လုပ်ကြံမှုအကြိမ်ကြိမ်မှ လွတ်မြောက်ခဲ့သူဗိုလ်ချုပ်ကြီး မူရှာရက်ဖ်သည် အနောက်အုပ်စု နှင် အစ္စလာမ်စစ်သွေးကြွများအကြား အကြမ်းဖက်တိုက်ဖျက်ရေးစစ်ပွဲတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူဖြစ်သည်။ 

 

ပြည်တွင်းအတိုက်အခံများက ကန့်ကွက်နေသည့်ကြားက သူသည် /၁၁ တိုက်ခိုက်မှုအပြီး အမေရိကန်၏ အကြမ်းဖက်စစ်ပွဲ War on terrorism ကို ထောက်ခံခဲ့သည်။  

 

၂၀၀၈ ခုနှစ် ရွေးကောက်ပွဲ ရှုံးနိမ့်အပြီး ခြောက်လအကြာတွင် သူသည်နိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ 

 

၂၀၁၃ ရွေးကောက်ပွဲဝင်ရန် ပါကစ္စတန်သို့ပြန်လာစဉ် ဖမ်းဆီးခံ၇ပြီး ရွေးကောက်ပွဲ ဝင်ခွင့်တားဆီးခံခဲ့၇သည်။

 

သူ့အားနိုင်ငံတော်ပုန်ကန်မှုဖြင့်တရားစွဲဆိုခဲ့ပြီး မျက်ကွယ်တွင် သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ထိုစီရင်ချက်ကို တစ်လမကြာခင်မှာပင် ပြန်လည်ပယ်ဖျက်ပေးခဲ့သည်။

 

၂၀၁၆ ခုနှစ်တွင် ပါကစ္စတန်မှ ဒူဘိုင်းသို့ ဆေးကုသရန် ထွက်ခွါသွားပြီး သေဆုံးချိန်အထိ ပြည်ပတွင် နေထိုင်သွားခဲ့သည်။

 

NN-27

Ref:bbc 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.