Preview

တူရကီအရှေ့တောင်ပိုင်း ဆီးရီးယားနယ်စပ်အနီး အင်အားပြင်းထန်သော ငလျင်လှုပ်၊ အဆောက်အဦးများပြိုကျ၊ လူအသေအပျောက်များ

ဖေဖော်ဝါရီ ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :3519
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃ (နိုင်ငံတကာ)

 

တူရကီနိုင်ငံအရှေ့တောင်ပိုင်း၊ ဆီးရီးယားနယ်စပ်အနီး ဂါဇီယန်တက်မြို့တွင် ယနေ့ ဖေဖော်ဝါရီ()ရက် ံနက်  နာရီက ပြင်းအား  ဒဿမ  မဂ္ဂနီကျု ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားရာ အဆောက်အဦျား ပြိုကျပြီး ကနဦးသတင်းအ၇ လူငါးဦးသေဆုံးသည်ဟု သိ၇သည်။

အဆောက်အဦးများတွင် ပိတ်မိနေသူများကြောင့် သေဆုံးသူ ပိုမိုများလာနိုင်သည်ဟု ဆိုသည်

 

ငလျင်သည် မြေအောက်အနက်(၁၁)မိုင်တွင် လှုပ်ခတ်ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကိုမြို့တော်အန်ကာရာနှင့်တကွ အခြားမြို့ကြီးများနှင့် အနီးပတ်ဝန်းကျင်ဒေသများအထိ ခံစား၇သည်။ 

 

အဆောက်အဦးများစွာ ပြိုကျပြီး အချို့ပိတ်မိနေသည်ဟု သတင်းရရှိသည်။ တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမွန်ဆွိုင်လူက ငလျင်သည် ဂါဇီယန်တက် နှင့် မြို့ကြီး (၁၀)မြို့ကို  ရိုက်ခတ်ခဲ့သည်ဟု ဆိုသည်။

 

ဂါဇီယန်တက်မြို့တွင် ရှော့ပင်းမောလ် တစ်ခု ပြိုကျသွားသည်ဟု ဘီဘီစီ၏ တူ၇ကီ သတင်းထောက်က သတင်းပေးပို့သည်။ 

 

ငလျင်လှုတ်ခတ်မှုကို ဆီးရီးယား၊ လီဘာနွန် နှင့် ဆိုက်ပရပ်စ် နိုင်ငံများကပင် ခံစား၇သည်ဟုဆိုသည် 

 

တူ၇ကီ ငလျင်တိုင်းတာရေးပညာရှင်များက ငလျင်သည် ပြင်းအား . မဂ္ဂနီကျု ရှိမည်ဟု ဆိုသည်။ 

တူ၇ကီနိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်လှုတ်ခတ်မှုအများဆုံးဒေသတစ်ခုပေါ်တွင် ပါဝင်သည်။ 

 

၁၉၉၉ ခုနှစ်က နိုင်ငံ၏ အနောက်မြောက်ဘက်တွင် အင်အားပြင်းထန်သော လျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း(၁၇၀၀၀)ကျော် သေဆုံးခဲ့၇ဖူးသည်။

NN-27

Ref: BBC World

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.