(ဆိုးရွားလွန်းသော ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အခက်တွေ့နေ)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၇/၂၀၂၃ (နိုင်ငံတကာ)
တူ၇ကီနိုင်ငံ အရှေ့တောင်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းနယ်စပ်အနီး ဖေဖော်ဝါရီလ(၆)ရက်တနင်္လာနေ့ မနက်စောစောပိုင်းက လှုပ်ခတ်သွားသည့် အလွန်အင်အား ပြင်းထန်သည့်ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ (၄၃၀၀) ရှိသွားပြီဟု သိ၇သည်။
မဂ္ဂနီကျု ၇ ဒဿမ ၈ ပြင်းအားရှိငလျင်သည် ဂါဇီယန်တက်မြို့အနီးမြေအောက် (၁၁)မိုင်ကိုဗဟိုပြုလှုပ်ခတ်ခဲ့ရာလူနေထူထပ်သော အနီးတစ်ဝိုက်မြို့အများအပြားရှိ အဆောက်အဦများ အားလုံးနီးပါး ပြားပြားဝပ် ပြိုကျသွားခဲ့သည်။
လူအများအပြား အိပ်မောကျနေချိန် မနက် ၄ နာရီ ၁၇ မိနစ်တွင် လှုပ်ခတ်ခဲ့သဖြင့် သေဆုံးသူ အရေအတွက်မှာပိုမိုများပြားခဲ့၇ခြင်း ဖြစ်ပြီး ဒရုန်းဖြင့် ရိုက်ကူးသော ဓါတ်ပုံများအ၇အချို့မြို့များတွင် လူနေတိုက်ခန်းအဆောက်အဦအားလုံး မြေကြီးပေါ် ပြိုကျနေသည်ကို မြင်တွေ့ကြ၇သသည်။
တူ၇ကီနိုင်ငံ သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေး အေဂျင်စီကထုတ်ပြန်သည့် စာရင်းအရ တူ၇ကီ တစ်နိုင်တည်းတွင် သေဆုံးသူ ၂၉၀၀ ကျော်နှင့် ဒဏ်ရာရှိသူ ၁၅၀၀၀ကျော် ရှိပြီးဆီးရီးယားနိုင်ငံဘက် အခြမ်းတွင် သေဆုံးသူပေါင်း ၁၄၀၀ ကျော် ရှိသည်ဟု သိ၇သည်။
ငလျင်လှုတ်ခတ်ခဲ့သည့် ဆီးရီးယားမြောက်ပိုင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ပြည်တွင်းစစ်ဖြစ်ပွားနေသော နေရာဖြစ်ပြီး စစ်ဘေးဒုက္ခသည် ၄ ဒဿမ ၁သန်း နေထိုင်ရာဒေသဖြစ်သည်။
တနင်္လာနေ့က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် မွန်းလွဲ ၁နာရီခွဲ အချိန်၌ ပြင်းအား ၇ ဒဿမ ၅ မဂ္ဂနီကျုရှိ နောက်ထပ် ငလျင်တစ်ခုထပ်မံ လှုပ်ခတ်ခဲ့ပြန်ရာ ထိခိုက်ပျက်စီး သေဆုံးမှု ပိုမိုများပြားသွားခဲ့သည်။
ငလျင်လှုပ်ခတ်ချိန်တွင် ရာသီဥတုမှာ ရေခဲမှတ်အထိ အေးစက်နေပြီး မိုးများလည်း ရွာသွန်းလျှက်ရှိသည်။ ထို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိသလို အသက်ဘေးမှ လွတ်မြောက်လာသည့် လူများမှာ အေးစက်သောရာသီဥတုအောက်လမ်းမများပေါ် ဖြစ်သလို ခိုလှုံနေခဲ့ကြ၇သည်။
ပျက်စီးနေသော အဆောက်အဦးများ အောက်တွင် ပိတ်မိနေဆဲလူအများအပြား ရှိနေဆဲဖြစ်သလို အချို့မှာမိသားစု တစ်စုလုံး ပျောက်ဆုံးလျှက်ရှိသည်။
တူ၇ကီသမ္မတ အာဒိုဂန်က အရေးပေါ်အစည်းအဝေး တစ်ရပ်ကျင်းပပြီးငလျင်ဒဏ် ကယ်ဆယ်ရေး အတွက် ကမ္ဘာ့နိုင်ငံများကို အကူအညီပေးရန် တောင်းခံခဲ့သည်။
အမေရိကန် နှင့် တောင်ကိုးရီးယား နိုင်ငံများက ဆေးဝါးအကူအညီနှင့် ကယ်ဆယ်ရေးအဖွဲများ စေလွှတ်လိုက်ပြီဟုသိ၇သည်။
အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန၏ အဆိုအ၇၂၀၂၁ခုနှစ် ဩဂုတ်လက တောင်အတ္တလန္တိတ်တွင်လှုပ်ခတ်ခဲ့သည့် ငလျင်ပြီးလျှင် ယခုငလျင်သည်ကမ္ဘာပေါ်တွင် အပြင်းထန်းဆုံး ငလျင်ဖြစ်သည်ဟု သိ၇သည်။
တူ၇ကီနိုင်ငံသည် အမြဲလှုပ်ရှားနေသည့် ငလျင်ပြတ်ရွေ့ကျောပေါ် တွင် တည်ရှိနေပြီး ၁၉၉၉ခုနှစ်က မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၁၉၀၀၀ သေဆုံးခဲ့၇ပြီး ဖြစ်သည်။
ယခု ငလျင် လှုပ်ခတ်သည့် ဂါဇီယန်တက်ဒေသမှာ တူ၇ကီ-ဆီးရီးယား နယ်စပ်အနီး လူနေ ပိုမိုထူထပ်သည့်နေရာဖြစ်သောကြောင့် လူပေါင်း (၂၀၀၀၀) ကျော်အထိ သေဆုံးနိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းကြောင်း အေပီသတင်းအ၇ သိရှိ၇သည်။
NN-27
Ref:CNA