နိ၇ဉ္စရာ၊ဖေဖော်ဝါရီ ၇/၂၀၂၃
ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်၊ခရီလာတ်ကျေးရွာရှိ စိုက်ပျိုးရေးခြံတစ်ခုတွင် တူးဖော်နေသည့်အဝိစီတွင်းထဲကို ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းက ပြုတ်ကျသွားသည့် အသက် ၁ နှစ် ၇ လအရွယ် မြန်မာကလေးငယ်ကို ၁၆ နာရီအကြာတွင် ပြန်လည်ကယ်တိုင်နိုင်ခဲ့သည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားများထံက သိရှိ၇သည်။
ကလေးငယ်ပြုတ်ကျခဲ့မှုကိုထိုင်းလူမှုရေးအသင်းများနှင့် သက်ဆိုင်ရာက ချက်ချင်း ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြ
"မနေ့ ညနေလောက်ကဖြစ်တာ။ကလေးက လမ်းလျောက်တက်စ လမ်းစမ်းနေတော့ သတိမထားမိကျရာကနေ ဖြစ်သွားတာ။အဝီတွင်းဆိုတော့လဲ အောက်မှာ ကျောက်ဆောင်တွေခံနေတာမျိုးကြုံ
ပြုတ်ကျခဲ့သည့် ကလေးငယ်ကို၁၅ မီတာ အနက်အရောက်တွင် ကယ်ဆယ်ရေးသမားက ယနေ့ ဇန်နဝါရီ ရ ရက်နေ့ နေ့လည်ပိုင်းကအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း Khaosod English သတင်းမီဒီယာတွင်လည်း ရေးသားဖော်ပြထားသည်။
"၁၅ မီတာနက်တဲ့အဝီစိတွင်းကျဉ်းထဲသို့ ပြုတ်ကျခဲ့တစ်နှစ်ခွဲအရွယ် မြန်မာနိုင်ငံသားကလေးငယ်တစ်ဦးကို ကယ်ဆယ်ရေးသမားများက အင်္ဂါနေ့တွင် ကယ်တင်ခဲ့ပါပြီ"ဟုရေးသားဖော်ပြထားသည်။
ကလေးငယ်ကိုအချိန်မီ ကယ်ဆယ်နိုင်ရန်အတွက် အချိန် ၁၆ နာရီလောက်ပြုလုပ်ခဲ့ကြရကြောင်း သိရှိ၇သည်။(NN - 25)
ဓာတ်ပုံ- ကလေးငယ်အားကယ်ဆယ်ခဲ့မှု (Khaosod English Media)